တႏိုင္ငံလံုးရွိ က်ဴးေက်ာ္မ်ားကုိ အစုိးရက အိမ္ေနရာမ်ား ခ်ထားေပးပါေတာ့မည္

0
270

(Zawgyi)

တႏိုင္ငံလံုးရွိ က်ဴးေက်ာ္မ်ားကုိ အစုိးရက အိမ္ေနရာမ်ား ခ်ထားေပးပါေတာ့မည္

ေျမလြတ္၊ ေျမလပ္မ်ားတြင္ ၿမိဳ႕၊ ရြာစီမံခ်က္ ေဖာ္ေဆာင္ေပးေရး အဆုိ ျပည္သူ႔လႊတ္ေတာ္ အတည္ျပဳ ႏုိင္ငံ တစ္၀န္း ရွိ စားက်က္ ေျမမ်ား၊ ေျမလြတ္၊ ေျမ လပ္၊ ေျမ႐ုိင္းမ်ား ျပန္လည္ေဖာ္ ထုတ္ကာ ၿမိဳ႕ရြာစီမံခ်က္အျဖစ္ စနစ္တက် အျမန္ဆုံးခ်မွတ္ ေဆာင္ရြက္ေပးေရး အဆုိကို ေဆာက္လုပ္ေရး ၀န္ႀကီးဌာန က ေထာက္ခံကာ ျပည္သူ႔လႊတ္ ေတာ္က ယမန္ေန႔ အစည္းအေ၀း တြင္ အတည္ျပဳ ခဲ့သည္။

တုိင္းျပည္၏ လူဦးေရတုိး ပြားလာသည္ႏွင့္ အမွ် ေနထုိင္စ ရာ အခက္အခဲ ျဖစ္လာၿပီး က်ဴး ေက်ာ္ေနထုိင္မႈမ်ား တေန႔တ ျခား မ်ားျပားလာသည့္ ျပႆနာ သည္ အစိုးရ အတြက္ စိန္ေခၚမႈ တရပ္ ျဖစ္သျဖင့္ ယင္းကဲ့သို႔ ေနရာ ခ်ေပးသင့္ ေၾကာင္း ျပည္သူ႔ လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚမာမာခိုင္က အဆုိတင္သြင္း ခဲ့သည္။

စားက်က္ေျမ၊ ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမ႐ိုင္းမ်ားကုိ ၿမိဳ႕ ျပေက်းရြာမ်ားအျဖစ္ ေဖာ္ေဆာင္ ေပးျခင္းျဖင့္ ယင္းေျမမ်ားကိုအ သုံးျပဳကာ ကိုယ္က်ဳိးရွာေနသည့္ စီးပြားေရးသမားမ်ား၏ အႏၲရာယ္ မွ ကာကြယ္ႏုိင္မည္ျဖစ္၍ ဖံြ႕ၿဖိဳးတုိးတက္လာမည္ဟု ေဆာက္လုပ္ေရးဒု၀န္ႀကီး ဦးေက်ာ္လင္းက ေျပာသည္။

အခ်ဳိ႕ စီးပြားေရးလုပ္ငန္း ရွင္မ်ားသည္ ေျမလြတ္၊ ေျမလပ္ မ်ားေပၚတြင္ လုပ္ငန္းစီမံကိန္း ေဆာင္ရြက္မည္ဆုိကာ လက္ေတြ႕၌ မည္သည့္လုပ္ငန္းမွ် မလုပ္ဘဲ ဦးထားကာ စီးပြားေရးအရ အျမတ္ထုတ္ေနသည္မ်ားရွိေၾကာင္း လႊတ္ေတာ္ ကုိယ္စားလွယ္မ်ားက ေထာက္ျပသည္။

စိုက္ပ်ဳိးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္း၀န္ႀကီးဌာန လက္ ေအာက္တြင္ ေျမလြတ္၊ ေျမလပ္၊ ေျမ႐ုိင္းဧကေပါင္း ႏွစ္သန္း ေက်ာ္ ရွိၿပီး ယင္းအနက္ အခ်ဳိ႕ကို စီမံ ကိန္းမ်ားေဆာင္ရြက္ရန္ ခ်ေပး ထားသည္။ စီမံကိန္းေဆာင္ရြက္ရန္ ခ်ေပးထား သည့္အထဲမွ သတ္ မွတ္ကာလ ေလးႏွစ္အတြင္း ေဆာင္ရြက္ျခင္း မရွိသည့္ ေျမယာမ်ားကို ျပန္လည္သိမ္းယူ ခဲ့ရာ လက္ရွိတြင္ ေျမဧက ကိုးေသာင္းေက်ာ္ သိမ္းယူၿပီးျဖစ္ေၾကာင္း ဦးေက်ာ္လင္းက ေျပာသည္ ယင္းအဆုိကို တပ္မေတာ္သား လႊတ္ေတာ္ ကိုယ္စားလွယ္ အပါအ၀င္ လႊတ္ေတာ္ ကိုယ္စား လွယ္ ၁၈ ဦးက ေထာက္ခံ ေဆြးေႏြးခဲ့သည္။

Credit – 7Day Daily

(Unicode)

တနိုင်ငံလုံးရှိ ကျူးကျော်များကို အစိုးရက အိမ်နေရာများ ချထားပေးပါတော့မည်

မြေလွတ်၊ မြေလပ်များတွင် မြို့၊ ရွာစီမံချက် ဖော်ဆောင်ပေးရေး အဆို ပြည်သူ့လွှတ်တော် အတည်ပြု နိုင်ငံ တစ်ဝန်း ရှိ စားကျက် မြေများ၊ မြေလွတ်၊ မြေ လပ်၊ မြေရိုင်းများ ပြန်လည်ဖော် ထုတ်ကာ မြို့ရွာစီမံချက်အဖြစ် စနစ်တကျ အမြန်ဆုံးချမှတ် ဆောင်ရွက်ပေးရေး အဆိုကို ဆောက်လုပ်ရေး ဝန်ကြီးဌာန က ထောက်ခံကာ ပြည်သူ့လွှတ် တော်က ယမန်နေ့ အစည်းအဝေး တွင် အတည်ပြု ခဲ့သည်။

တိုင်းပြည်၏ လူဦးရေတိုး ပွားလာသည်နှင့် အမျှ နေထိုင်စ ရာ အခက်အခဲ ဖြစ်လာပြီး ကျူး ကျော်နေထိုင်မှုများ တနေ့တ ခြား များပြားလာသည့် ပြဿနာ သည် အစိုးရ အတွက် စိန်ခေါ်မှု တရပ် ဖြစ်သဖြင့် ယင်းကဲ့သို့ နေရာ ချပေးသင့် ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်မာမာခိုင်က အဆိုတင်သွင်း ခဲ့သည်။

စားကျက်မြေ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို မြို့ ပြကျေးရွာများအဖြစ် ဖော်ဆောင် ပေးခြင်းဖြင့် ယင်းမြေများကိုအ သုံးပြုကာ ကိုယ်ကျိုးရှာနေသည့် စီးပွားရေးသမားများ၏ အန္တရာယ် မှ ကာကွယ်နိုင်မည်ဖြစ်၍ ဖွံ့ဖြိုးတိုးတက်လာမည်ဟု ဆောက်လုပ်ရေးဒုဝန်ကြီး ဦးကျော်လင်းက ပြောသည်။

အချို့ စီးပွားရေးလုပ်ငန်း ရှင်များသည် မြေလွတ်၊ မြေလပ် များပေါ်တွင် လုပ်ငန်းစီမံကိန်း ဆောင်ရွက်မည်ဆိုကာ လက်တွေ့၌ မည်သည့်လုပ်ငန်းမျှ မလုပ်ဘဲ ဦးထားကာ စီးပွားရေးအရ အမြတ်ထုတ်နေသည်များရှိကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ထောက်ပြသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက် အောက်တွင် မြေလွတ်၊ မြေလပ်၊ မြေရိုင်းဧကပေါင်း နှစ်သန်း ကျော် ရှိပြီး ယင်းအနက် အချို့ကို စီမံ ကိန်းများဆောင်ရွက်ရန် ချပေး ထားသည်။ စီမံကိန်းဆောင်ရွက်ရန် ချပေးထား သည့်အထဲမှ သတ် မှတ်ကာလ လေးနှစ်အတွင်း ဆောင်ရွက်ခြင်း မရှိသည့် မြေယာများကို ပြန်လည်သိမ်းယူ ခဲ့ရာ လက်ရှိတွင် မြေဧက ကိုးသောင်းကျော် သိမ်းယူပြီးဖြစ်ကြောင်း ဦးကျော်လင်းက ပြောသည် ယင်းအဆိုကို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် အပါအဝင် လွှတ်တော် ကိုယ်စား လှယ် ၁၈ ဦးက ထောက်ခံ ဆွေးနွေးခဲ့သည်။

Credit – 7Day Daily

LEAVE A REPLY

Please enter your comment!
Please enter your name here