အိမ္ေထာင္ရွိ ရဲဒုတပ္ၾကပ္တဦးက အသက္ (၁၅) ႏွစ္အရြယ္ မိန္းကေလးကို တည္းခိုခန္းတြင္ ေခၚ၍ သားမယားျပဳက်င့္

0
643

(Zawgyi)

အိမ္ေထာင္ရွိ ရဲဒုတပ္ၾကပ္တဦးက အသက္ (၁၅) ႏွစ္အရြယ္ မိန္းကေလးကို တည္းခိုခန္းတြင္ ေခၚ၍ သားမယားျပဳက်င့္

မႏၲေလးၿမိဳ႕ မဟာေအာင္ေျမၿမိဳ႕နယ္ အမွတ္ (၇) နယ္ေျမ ရဲစခန္းမွ ရဲဒုတပ္ၾကပ္ တဦး က အသက္ (၁၅) နွစ္ အရြယ္ မိန္းကေလးအား မုဒိမ္း က်ဴးလြန္မႈ ျဖစ္ေၾကာင္း သိရသည္ ။

ျဖစ္စဥ္မွာ မဟာေအာင္ေျမၿမိဳ႕နယ္ အမွတ္ (၇) နယ္ေျမရဲစခန္းမွ အိမ္ေထာင္ရွိသူ ရဲဒုတပ္ၾကပ္ ေတဇေအာင္ က အသက္ (၁၅) ႏွစ္အရြယ္ မိန္းကေလးအား တည္းခိုခန္းတြင္ ေခၚ၍ သားမယား ျပဳက်င့္ေၾကာင္း သိရသည္ ။

“ ကြၽန္ေတာ္လည္း ဘာမွမသိဘူး ။ ေခၚလို႔ လာရတာ ။ အတိအက် မသိေသးဘူး ။ ဒုရဲတပ္ၾကပ္က ကြ်န္ေတာ္သား ရိုက္မႈနဲ႔ ပတ္သက္ၿပီး ေျပာဆို ခင္မင္ ဆက္ဆံတာေတာ့ ရွိတယ္ ” ဟု ျပဳက်င့္ ခံရသူ၏ ဖခင္ က ေျပာသည္ ။

ျပဳက်င့္ ခံရသည့္ အသက္ (၁၅) နွစ္ အရြယ္ မိန္းကေလးအား မႏၲေလး အေထြေထြ ေရာဂါကု ေဆးရံုသို႔ တင္ပို႔ထားၿပီး မဟာေအာင္ေျမၿမိဳ႕နယ္ အမွတ္ (၇) နယ္ေျမ ရဲစခန္းတြင္ အမႈဖြင့္ ထားေၾကာင္း သိရသည္ ။

ယင္းျဖစ္စဥ္နွင့္ ပတ္သက္၍ က်ဴးလြန္သူမွာ ဖမ္းဆီးရမိျခင္း မရွိေသးဘဲ ထြက္ေျပး လြတ္ေျမာက္ေနၿပီး သက္ဆိုင္ရာ ရဲစခန္း အေနျဖင့္ သတင္းအခ်က္ အလက္ ထုတ္ျပန္ ေပးျခင္း မရွိေသးေပ ။The Fifth Wave News

(Unicode)

အိမ်ထောင်ရှိ ရဲဒုတပ်ကြပ်တဦးက အသက် (၁၅) နှစ်အရွယ် မိန်းကလေးကို တည်းခိုခန်းတွင် ခေါ်၍ သားမယားပြုကျင့်

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အမှတ် (၇) နယ်မြေ ရဲစခန်းမှ ရဲဒုတပ်ကြပ် တဦး က အသက် (၁၅) နှစ် အရွယ် မိန်းကလေးအား မုဒိမ်း ကျူးလွန်မှု ဖြစ်ကြောင်း သိရသည် ။

ဖြစ်စဉ်မှာ မဟာအောင်မြေမြို့နယ် အမှတ် (၇) နယ်မြေရဲစခန်းမှ အိမ်ထောင်ရှိသူ ရဲဒုတပ်ကြပ် တေဇအောင် က အသက် (၁၅) နှစ်အရွယ် မိန်းကလေးအား တည်းခိုခန်းတွင် ခေါ်၍ သားမယား ပြုကျင့်ကြောင်း သိရသည် ။

“ ကျွန်တော်လည်း ဘာမှမသိဘူး ။ ခေါ်လို့ လာရတာ ။ အတိအကျ မသိသေးဘူး ။ ဒုရဲတပ်ကြပ်က ကျွန်တော်သား ရိုက်မှုနဲ့ ပတ်သက်ပြီး ပြောဆို ခင်မင် ဆက်ဆံတာတော့ ရှိတယ် ” ဟု ပြုကျင့် ခံရသူ၏ ဖခင် က ပြောသည် ။

ပြုကျင့် ခံရသည့် အသက် (၁၅) နှစ် အရွယ် မိန်းကလေးအား မန္တလေး အထွေထွေ ရောဂါကု ဆေးရုံသို့ တင်ပို့ထားပြီး မဟာအောင်မြေမြို့နယ် အမှတ် (၇) နယ်မြေ ရဲစခန်းတွင် အမှုဖွင့် ထားကြောင်း သိရသည် ။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကျူးလွန်သူမှာ ဖမ်းဆီးရမိခြင်း မရှိသေးဘဲ ထွက်ပြေး လွတ်မြောက်နေပြီး သက်ဆိုင်ရာ ရဲစခန်း အနေဖြင့် သတင်းအချက် အလက် ထုတ်ပြန် ပေးခြင်း မရှိသေးပေ ။The Fifth Wave News