အေမ့ကို တန္ဖိုးထားသလိုပဲ မိန္းမကိုလည္း တန္ဖိုးထားေပးပါ

0
361

( For Zawgyi )

အေမ့ကို တန္ဖိုးထားသလိုပဲ မိန္းမကိုလည္း တန္ဖိုးထားေပးပါ

က်ြန္ေတာ္ ကုတင္ေပါမွာ မအိပ္ခ်င္ေသးပဲ လွဲလိုက္မိတယ္. . .!!!

အသင့္ အိပ္ေပ်ာ္ေနရွာတဲ့ က်ြန္ေတာ့ရဲ႕ အားႏြဲ႕ႏြဲ႕ ခ်စ္ဇနီးေလးရဲ႕ ႏူးညံလွပတဲ့ မ်က္နွာေလးကို ကၽြန္ေတာ္ေသခ်ာ ၾကည့္ေနရင္းကေန အေတြးတစ္ခ်ိဳ႕ဝင္လာျပီး က်ြန္ေတာ္တစ္ေယာက္ထဲ က်ြန္ေတာ့ဟာက်ြန္ေတာ္ ေတြးေနမိတယ္္… မိန္းကေလးဆိုတာ ဘယ္လိုပါလိမ့္ ?

က်ြန္ေတာ္နဲ႔သူ မဂၤလာမ​ေဆာင္ခင္​က သူ႔မိဘ အသိုင္းအဝိုင္းရဲ႕ အခ်စ္ေတြနဲ႕ ထိန္းသိမ္းမႈ႔ ေအာက္မွာ ေနျပီျကီးျပင္းလာခဲ့တယ္ အခုျက တစ္ခ်က္ထဲ ရုတ္တရက္မွာပဲ သိေတာင္မသိထားတဲ႕ သူစိမ္းတစ္ေယာက္ရဲ႕ ေဘးမွာ အမိန္႔နာခံရင္းနဲ႕ အိပ္စက္ေနရျပန္တယ္. . .

က်ြန္ေတာ့ေျကာင့္ တစ္သက္လံုး အတူေနလာတဲ႕ မိဘ​ေတြကို စြန္႔​႔့ခြာလာတယ္​… က်ြန္ေတာ့ကို ပင္ပင္ပန္းပန္း ျပဳစုျပးီရင္ က်ြန္ေတာ့ရဲ႕ မေျပာပေလာက္တဲ႕ စကားေလးေတြနဲ႕ သူေပ်ာ္ေနျပန္တယ္… ။

ျပီေတာ့ က်ြန္ေတာ့ကိုက်ြန္ေတာ္ ေမးခြန္းအခ်ိဳ႕ေမးေနမိတယ္… ဒါလည္းပဲ ဘယ္လိုျဖစ္လို႔ တစ္ခ်ိဳ႕လူေတြက မသနား မညႇာမတာ မိမိရဲ႕ ဇနီး ၊ မိန္းမကို ရိုက္နက္နိုင္ေနျကတာလဲ ဘယ္လိုျဖစ္လို႕ တစ္ခ်ိဳ႕ လူေတြက နွစ္ဘဝအတြက္ ရည္ရြယ္ျပီလာခဲ့သူကို တစ္ဘဝေတာင္ မကုန္ေသးဘူး စိတ္ကုန္သြားျကတာလဲ…

ဘယ္လိုျဖစ္လို႕ တစ္ခ်ိဳ႕လူေတြက မိန္းမနဲ႔ သားသမီးေတြကို အိမ္မွာထားျပီ သူငယ္ခ်င္းေတြနဲ႕ Hotelေတြမွာ အစားအေသာက္ေကာင္းေတြ စားေသာက္ေနျကတာလဲ. . .

တစ္ေန႔လံုး ေယာက္်ားလာမွ အတူတူ စားမယ္ဆိုျပီး ထမင္းဝိုင္းေလးအသင့္နဲ႕ ကေလးေတြကို လက္ေဆးေပးျပီး ထိုင္ေစာင့္ေနတဲ႕ မိန္းမကို ဘာလို႕ ေမ့ေနရျပန္တာလဲ. . .

ဘယ္လိုျဖစ္လို႕ တစ္ခ်ိဳ႕တစ္ခ်ိဳ႕ေတြက မိန္းမအတြက္ေတာ့ အိမ္ကို ေထာင္လို လုပ္ထားၾကျပီး ကိုယ္တိုင္ျကေတာ့ အိမ္ကို အမ်ားသံုး အိမ္သာလို လာခ်င္တဲ့အခ်ိန္ လာ သြားခ်င္တဲ့အခ်ိန္ သြား ျဖစ္ေနရတာလဲ. . .

ဘယ္လိုျဖစ္လို႕ တစ္ခ်ိဳ႕တစ္ခ်ိဳ႕ေတြက မိမိဇနီးကို မ်က္ရည္စေတြနဲ႕ ညေတြကို ျဖတ္သန္းေစေနတာလဲ. . .

တစ္ခ်ိဳ႕ တစ္ခ်ိဳ႕က မိန္းမ ၊ မိသားစုကို အခ်ိန္မေပးဘဲ လမ္းေပၚမွာပဲ အခ်ိန္ေတြကို ကုန္ဆံုးလိုက္ေနျကတယ္ ။ မိသားစုမွာ ဖခင္ရဲ႕ေႏြးေထြးမႈ႔ဆိုတာ သားသမီးေတြ သိခြင့္မရေတာ့တာ ဘာ့ေျကာင့္လဲ ဘယ္လိုျဖစ္လို႔ ေယာက္်ားေတြ တာဝန္ခံျပီး တာဝန္မယူျကေတာ့တာလဲ. . . ေျပးမယ္ဆိုလည္းေျပး ဘယ္အထိေျပးျကမလဲ. . .???

ဒီလိုေတြ ေတြးျပီ ေနာက္ဆံုးအဲ႔ဒီညမွာ က်ြန္ေတာ္ေတြးလိုက္တယ္ ။ က်ြန္ေတာ့မွာ အေမရွိတယ္ က်ြန္ေတာ့မွာ မိန္းမလည္းရွိတယ္ ။ က်ြန္ေတာ္ သူတို႕နွစ္ေယာက္စလံုးကို ဂုဏ္​ယူ​ ေလးစားသင့္တယ္ မိန္းမကို ျကင္နာရင္း မိဘကိုရိုေသရင္းေပါ့… ဘာ႔ေၾကာင့္လဲဆိုရင္ သူတို႔နွစ္ေယာက္ထဲက တစ္ေယာက္က က်ြန္ေတာ့ကို အသက္နဲ႔ရင္းျပီ ေလာကကို ေခၚေဆာင္လာခဲ႕တယ္…

ေနာက္တစ္ေယာက္က တစ္ေလာကလံုးကို စြန္႔ခြာျပီး က်ြန္ေတာ႔အနားကို လာခဲ့တဲ့သူပါ… အေမဆိုတာလည္း တစ္ခ်ိန္က မိန္းမျဖစ္ခဲ့တယ္. . .

လက္ရွိ ေဘးနားမွာရွိေနတဲ့ မိန္းမဆိုတာကလည္း တစ္ခ်ိန္မွာ အေမျဖစ္အံုးမွာမို႔ အေမ့ကို တန္ဖိုးထားသလို မိန္းမကိုလည္း တန္ဖိုးထားျကပါ ” နားလည္နိုင္ျကပါေစ. . .

ကမာၻေပၚမွာရွိတဲ့ မိသားစုတိုင္း မိသားစုတိုင္း တစ္ဦးနဲ႔တစ္ဦး ခ်စ္ခ်စ္ခင္ခင္္ ၾကင္ၾကင္နာနာနဲ႔ တစ္သက္တာ ေပ်ာ္ရႊင္စြာ ေနသြားျကရပါေစ. . . . . .

ခရက္ဒစ္

( For Unicode )

အမေ့ကိုတန်ဖိုးထားသလိုပဲ မိန်းမကိုလည်းတန်ဖိုးထားပါ

ကျွန်တော် ကုတင်ပေါမှာ မအိပ်ချင်သေးပဲ လှဲလိုက်မိတယ်. . .!!!

အသင့် အိပ်ပျော်နေရှာတဲ့ ကျွန်တော့ရဲ့ အားနွဲ့နွဲ့ ချစ်ဇနီးလေးရဲ့ နူးညံလှပတဲ့ မျက်နှာလေးကို ကျွန်တော်သေချာ ကြည့်နေရင်းကနေ အတွေးတစ်ချို့ဝင်လာပြီး ကျွန်တော်တစ်ယောက်ထဲ ကျွန်တော့ဟာကျွန်တော် တွေးနေမိတယ်… မိန်းကလေးဆိုတာ ဘယ်လိုပါလိမ့် ?

ကျွန်တော်နဲ့သူ မင်္ဂလာမဆောင်ခင်က သူ့မိဘ အသိုင်းအဝိုင်းရဲ့ အချစ်တွေနဲ့ ထိန်းသိမ်းမှု့ အောက်မှာ နေပြီကြီးပြင်းလာခဲ့တယ် အခုကြ တစ်ချက်ထဲ ရုတ်တရက်မှာပဲ သိတောင်မသိထားတဲ့ သူစိမ်းတစ်ယောက်ရဲ့ ဘေးမှာ အမိန့်နာခံရင်းနဲ့ အိပ်စက်နေရပြန်တယ်. . .

ကျွန်တော့ကြောင့် တစ်သက်လုံး အတူနေလာတဲ့ မိဘတွေကို စွန့့်ခွာလာတယ်… ကျွန်တော့ကို ပင်ပင်ပန်းပန်း ပြုစုပြးီရင် ကျွန်တော့ရဲ့ မပြောပလောက်တဲ့ စကားလေးတွေနဲ့ သူပျော်နေပြန်တယ်… ။

ပြီတော့ ကျွန်တော့ကိုကျွန်တော် မေးခွန်းအချို့မေးနေမိတယ်… ဒါလည်းပဲ ဘယ်လိုဖြစ်လို့ တစ်ချို့လူတွေက မသနား မညှာမတာ မိမိရဲ့ ဇနီး ၊ မိန်းမကို ရိုက်နက်နိုင်နေကြတာလဲ ဘယ်လိုဖြစ်လို့ တစ်ချို့ လူတွေက နှစ်ဘဝအတွက် ရည်ရွယ်ပြီလာခဲ့သူကို တစ်ဘဝတောင် မကုန်သေးဘူး စိတ်ကုန်သွားကြတာလဲ…

ဘယ်လိုဖြစ်လို့ တစ်ချို့လူတွေက မိန်းမနဲ့ သားသမီးတွေကို အိမ်မှာထားပြီ သူငယ်ချင်းတွေနဲ့ Hotelတွေမှာ အစားအသောက်ကောင်းတွေ စားသောက်နေကြတာလဲ. . .

တစ်နေ့လုံး ယောက်ျားလာမှ အတူတူ စားမယ်ဆိုပြီး ထမင်းဝိုင်းလေးအသင့်နဲ့ ကလေးတွေကို လက်ဆေးပေးပြီး ထိုင်စောင့်နေတဲ့ မိန်းမကို ဘာလို့ မေ့နေရပြန်တာလဲ. . .

ဘယ်လိုဖြစ်လို့ တစ်ချို့တစ်ချို့တွေက မိန်းမအတွက်တော့ အိမ်ကို ထောင်လို လုပ်ထားကြပြီး ကိုယ်တိုင်ကြတော့ အိမ်ကို အများသုံး အိမ်သာလို လာချင်တဲ့အချိန် လာ သွားချင်တဲ့အချိန် သွား ဖြစ်နေရတာလဲ. . .

ဘယ်လိုဖြစ်လို့ တစ်ချို့တစ်ချို့တွေက မိမိဇနီးကို မျက်ရည်စတွေနဲ့ ညတွေကို ဖြတ်သန်းစေနေတာလဲ. . .

တစ်ချို့ တစ်ချို့က မိန်းမ ၊ မိသားစုကို အချိန်မပေးဘဲ လမ်းပေါ်မှာပဲ အချိန်တွေကို ကုန်ဆုံးလိုက်နေကြတယ် ။ မိသားစုမှာ ဖခင်ရဲ့နွေးထွေးမှု့ဆိုတာ သားသမီးတွေ သိခွင့်မရတော့တာ ဘာ့ကြောင့်လဲ ဘယ်လိုဖြစ်လို့ ယောက်ျားတွေ တာဝန်ခံပြီး တာဝန်မယူကြတော့တာလဲ. . . ပြေးမယ်ဆိုလည်းပြေး ဘယ်အထိပြေးကြမလဲ. . .???

ဒီလိုတွေ တွေးပြီ နောက်ဆုံးအဲ့ဒီညမှာ ကျွန်တော်တွေးလိုက်တယ် ။ ကျွန်တော့မှာ အမေရှိတယ် ကျွန်တော့မှာ မိန်းမလည်းရှိတယ် ။ ကျွန်တော် သူတို့နှစ်ယောက်စလုံးကို ဂုဏ်ယူ လေးစားသင့်တယ် မိန်းမကို ကြင်နာရင်း မိဘကိုရိုသေရင်းပေါ့… ဘာ့ကြောင့်လဲဆိုရင် သူတို့နှစ်ယောက်ထဲက တစ်ယောက်က ကျွန်တော့ကို အသက်နဲ့ရင်းပြီ လောကကို ခေါ်ဆောင်လာခဲ့တယ်…

နောက်တစ်ယောက်က တစ်လောကလုံးကို စွန့်ခွာပြီး ကျွန်တော့အနားကို လာခဲ့တဲ့သူပါ… အမေဆိုတာလည်း တစ်ချိန်က မိန်းမဖြစ်ခဲ့တယ်. . .

လက်ရှိ ဘေးနားမှာရှိနေတဲ့ မိန်းမဆိုတာကလည်း တစ်ချိန်မှာ အမေဖြစ်အုံးမှာမို့ အမေ့ကို တန်ဖိုးထားသလို မိန်းမကိုလည်း တန်ဖိုးထားကြပါ ” နားလည်နိုင်ကြပါစေ. . .

ကမ္ဘာပေါ်မှာရှိတဲ့ မိသားစုတိုင်း မိသားစုတိုင်း တစ်ဦးနဲ့တစ်ဦး ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနဲ့ တစ်သက်တာ ပျော်ရွှင်စွာ နေသွားကြရပါစေ. . . . . .

ခရက်ဒစ်