ကင္းေကာင္ ကြယ္လြန္သြားတာနဲ႔ ပတ္သက္ၿပီး ေျပာျပလာခဲ့တဲ့ သူငယ္ခ်င္း ငွက္ေပ်ာေႀကာ္နဲ႔ ဖိုးျဖဴ

0
1042

(Zawgyi)

ကင္းေကာင္ ကြယ္လြန္သြားတာနဲ႔ ပတ္သက္ၿပီး ေျပာျပလာခဲ့တဲ့ သူငယ္ခ်င္း ငွက္ေပ်ာေႀကာ္နဲ႔ ဖိုးျဖဴ

ဟာသသ႐ုပ္ေဆာင္ ဦးကင္းေကာင္သည္ ႐ုပ္ရွင္ဇာတ္ကား ႐ိုက္ကူးရန္အတြက္ ပုပၸားသို႔ ေရာက္ရွိေနစဥ္တြင္ ႐ုတ္တရက္ ခြၽဲက်ပ္သျဖင့္ ဇန္နဝါရီ ၂၂ ရက္ နံနက္ပိုင္းတြင္ ကြယ္လြန္သြားခဲ့ေၾကာင္း သိရသည္။ ဦးကင္းေကာင္၏ က်န္ရစ္ခဲ့သည့္ ႐ုပ္အေလာင္းအား ရန္ကုန္သို႔ ျပန္လည္ သယ္ယူႏိုင္ရန္အတြက္ အႏုပညာရွင္မ်ားက ႀကိဳးပမ္းလ်က္ရွိေၾကာင္း သိရသည္။

ဟာသသ႐ုပ္ေဆာင္ ဦးကင္းေကာင္ ကြယ္လြန္သြားျခင္းအတြက္ အႏုပညာရွင္ အမ်ားအျပားႏွင့္ ပရိသတ္မ်ားက ဝမ္းနည္းေၾကကြဲျခင္းမ်ားကို လူမႈကြန္ရက္စာမ်က္ႏွာမ်ားထက္တြင္ ေရးသားေဖာ္ျပခဲ့ၾကသည္။ ဦးကင္းေကာင္မွာ ကြယ္လြန္ခ်ိန္တြင္ အသက္ ၅၄ ႏွစ္ ရွိၿပီျဖစ္ကာ က်န္းမာေရး အနည္းငယ္ ျပန္လည္ေကာင္းမြန္လာခ်ိန္တြင္ ဇာတ္ကားမ်ား ျပန္လည္႐ိုက္ကူးလာရာမွ ဇာတ္ကား႐ိုက္ကူးေရး ခရီးစဥ္အတြင္း ကြယ္လြန္သြားခဲ့ျခင္း ျဖစ္သည္။

“ကိုကင္း ကြယ္လြန္တယ္ဆိုတာ မွန္ပါတယ္။ သူ႔ေရာဂါနဲ႔ ဆုံးတယ္ဆိုတာထက္ ပုပၸားမွာ ေရာက္ေနတဲ့အခ်ိန္ ခြၽဲက်ပ္ၿပီး ဆုံးသြားတာေပါ့။ ကိုယ္နဲ႔တစ္ခ်ိန္လုံး အရမ္းခင္မင္ခဲ့ၿပီး ညီအစ္ကိုေတြလို ေနခဲ့ၾကသူေတြဆိုေတာ့ အရမ္းစိတ္မေကာင္း ျဖစ္ရတယ္။ အခုက သူတို႔တစ္မိသားစုလုံးက ပုပၸားမွာ ဇာတ္လမ္းတြဲ ႐ိုက္မယ္ဆိုၿပီး လိုက္သြားၾကတာ။ ေလာေလာဆယ္ေတာ့ သူ႔႐ုပ္အေလာင္းကို ရန္ကုန္ကို ျပန္သယ္ႏိုင္ဖို႔ပဲ ႀကိဳးပမ္းေနပါတယ္။ က်န္တာကေတာ့ ဒီေရာက္မွပဲ ဆက္ၿပီးစီစဥ္ရမွာေပါ့”ဟု ဟာသ သ႐ုပ္ေဆာင္ ဦးငွက္ေပ်ာေၾကာ္က ဆိုသည္။

“ကိုကင္းက လြန္ခဲ့တဲ့ ၇ လ ၈ လတုန္းက အစာေရမ်ိဳႁပြန္ကင္ဆာလို႔ ယူဆတဲ့အတြက္ ကီမို သြင္းရတယ္။ ေသြးအားေတြ က်ေနတုန္းပဲ။ အနားယူရမယ့္ အခ်ိန္ေပါ့ေလ။ ေသြးအားက်ၿပီး ေသြးျဖဴဥ ေသြးနီဥေတြ ပုံမွန္မျဖစ္ေသးတဲ့အခ်ိန္မွာ သူက အလုပ္လုပ္ခ်င္စိတ္ မ်ားတဲ့အခါက် ဇာတ္ကား ျပန္႐ိုက္တယ္။ ပုပၸားမွာက ရာသီဥတု အရမ္းေအးတဲ့ အခါက်ေတာ့ ခြၽဲက်ပ္ၿပီး ဆုံးသြားတာပါ။ ဆုံးတာကေတာ့ မနက္ ၆ နာရီဝန္းက်င္မွာ ဆုံးသြားတာပါ။

ပုပၸားသြားတာကေတာ့ ဒါ႐ိုက္တာ ေက်ာ္ေဇာလင္းနဲ႔ ဇာတ္လမ္းတြဲ သြား႐ိုက္တာလို႔ သိရပါတယ္။ မိန္းမေရာ ကေလးေရာ အဲဒီကိုပါသြားတဲ့ အခါက်ေတာ့ နာေရးကိစၥေတာ့ ေသခ်ာမစီစဥ္ရေသးပါဘူး။ ကြၽန္ေတာ္တို႔အားလုံး တိုင္ပင္ၿပီးမွပဲ နာေရးကိစၥကို ေၾကညာေပးပါမယ္”ဟု ဟာသသ႐ုပ္ေဆာင္ ဦးဖိုးျဖဴက ေျဖၾကားေပးခဲ့သည္။

ဟာသသ႐ုပ္ေဆာင္ ဦးကင္းေကာင္သည္ တကၠသိုလ္ေက်ာင္းသား ဘဝကတည္းကပင္ အႏုပညာလုပ္ငန္းမ်ား၌ ပါဝင္လုပ္ကိုင္ခဲ့သူျဖစ္ၿပီး အရွည္ႀကီးအမည္ျဖင့္ လူ႐ႊင္ေတာ္တစ္ဦးအျဖစ္ စတင္ခဲ့ကာ ျမပုဏၰမာအၿငိမ့္တြင္ ကင္းေကာင္အမည္ျဖင့္ စတင္ ပါဝင္ခဲ့သူ ျဖစ္သည္။ လူ႐ႊင္ေတာ္ တစ္ဦးအျဖစ္ ပရိသတ္အားေပးခ်စ္ခင္မႈ ရရွိခဲ့သည့္ ဦးကင္းေကာင္သည္ ႐ုပ္ရွင္ႏွင့္ ဗီဒီယိုဇာတ္ကားမ်ားစြာတြင္လည္း ဟာသသ႐ုပ္ေဆာင္ တစ္ဦးအျဖစ္ ပါဝင္ခဲ့သည္။ ဒါ႐ိုက္တာ ေမာင္မ်ိဳးမင္း (ရင္တြင္းျဖစ္) စီစဥ္တင္ဆက္သည့္ “သရဲေလးေကာင္ႏွင့္ ကြၽန္ေတာ္” ျပဇာတ္တြင္လည္း အကယ္ဒမီ လြင္မိုး၊ အ႐ိုင္း၊ ငွက္ေပ်ာေၾကာ္၊ ဖိုးျဖဴတို႔ႏွင့္ တြဲဖက္ညီညီ တင္ဆက္ခဲ့သူ ျဖစ္သည္။ “သရဲေလးေကာင္” ျပဇာတ္မွာ ေအာင္ျမင္မႈမ်ားစြာရရွိခဲ့ၿပီး လက္ရွိအခ်ိန္ထိ ပရိသတ္မ်ားရင္ထဲတြင္ စြဲထင္က်န္ရစ္ခဲ့သည့္ ျပဇာတ္တစ္ခု ျဖစ္သည္။

ဦးကင္းေကာင္သည္ ၂၀၁၆ ခုႏွစ္တြင္ အစာေရမ်ိဳႁပြန္အား ခြဲစိတ္ကုသမႈ ခံယူခဲ့ရၿပီး ေနာက္အႏုပညာလုပ္ငန္းမ်ားအား ေခတၱရပ္နားခဲ့ကာ က်န္းမာေရး ျပန္လည္ေကာင္းမြန္လာသျဖင့္ ဇာတ္ကားမ်ား ျပန္လည္႐ိုက္ကူးေနခဲ့ၿပီး ဇာတ္လမ္းတြဲ ႐ိုက္ကူးေရးတြင္ ကြယ္လြန္ခဲ့ျခင္း ျဖစ္သည္။ ဦးကင္းေကာင္သည္ ဇန္နဝါရီ ၂၁ ရက္ ညပိုင္းတြင္ စတင္ျပသခဲ့သည့္ “သာမိုမီတာ” ႐ုပ္သံဇာတ္လမ္းတြဲတြင္လည္း ပါဝင္ သ႐ုပ္ေဆာင္ထားသည္။ ဦးကင္းေကာင္၏ နာေရး အစီအစဥ္ အတြက္ ျပန္လည္ ေၾကညာေပးသြားမည္ျဖစ္ၿပီး လတ္တေလာတြင္ ပုပၸားမွ သယ္ေဆာင္လာမည့္ ႐ုပ္အေလာင္းအား ဦးငွက္ေပ်ာေၾကာ္၊ ဦးဖိုးျဖဴ၊ ဦးဇာဂနာ စသူတို႔က သြားေရာက္ေစာင့္ဆိုင္း သယ္ေဆာင္ရန္ စီစဥ္လ်က္ရွိေၾကာင္း သိရသည္။

Credit-EMG

(Unicode)

ကင်းကောင် ကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီး ပြောပြလာတဲ့ ငှက်ပျောကြော်နဲ့ ဖိုးဖြူ

ဟာသသရုပ်ဆောင် ဦးကင်းကောင်သည် ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရန်အတွက် ပုပ္ပားသို့ ရောက်ရှိနေစဉ်တွင် ရုတ်တရက် ချွဲကျပ်သဖြင့် ဇန်နဝါရီ ၂၂ ရက် နံနက်ပိုင်းတွင် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။ ဦးကင်းကောင်၏ ကျန်ရစ်ခဲ့သည့် ရုပ်အလောင်းအား ရန်ကုန်သို့ ပြန်လည် သယ်ယူနိုင်ရန်အတွက် အနုပညာရှင်များက ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

ဟာသသရုပ်ဆောင် ဦးကင်းကောင် ကွယ်လွန်သွားခြင်းအတွက် အနုပညာရှင် အများအပြားနှင့် ပရိသတ်များက ဝမ်းနည်းကြေကွဲခြင်းများကို လူမှုကွန်ရက်စာမျက်နှာများထက်တွင် ရေးသားဖော်ပြခဲ့ကြသည်။ ဦးကင်းကောင်မှာ ကွယ်လွန်ချိန်တွင် အသက် ၅၄ နှစ် ရှိပြီဖြစ်ကာ ကျန်းမာရေး အနည်းငယ် ပြန်လည်ကောင်းမွန်လာချိန်တွင် ဇာတ်ကားများ ပြန်လည်ရိုက်ကူးလာရာမှ ဇာတ်ကားရိုက်ကူးရေး ခရီးစဉ်အတွင်း ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။

“ကိုကင်း ကွယ်လွန်တယ်ဆိုတာ မှန်ပါတယ်။ သူ့ရောဂါနဲ့ ဆုံးတယ်ဆိုတာထက် ပုပ္ပားမှာ ရောက်နေတဲ့အချိန် ချွဲကျပ်ပြီး ဆုံးသွားတာပေါ့။ ကိုယ်နဲ့တစ်ချိန်လုံး အရမ်းခင်မင်ခဲ့ပြီး ညီအစ်ကိုတွေလို နေခဲ့ကြသူတွေဆိုတော့ အရမ်းစိတ်မကောင်း ဖြစ်ရတယ်။ အခုက သူတို့တစ်မိသားစုလုံးက ပုပ္ပားမှာ ဇာတ်လမ်းတွဲ ရိုက်မယ်ဆိုပြီး လိုက်သွားကြတာ။ လောလောဆယ်တော့ သူ့ရုပ်အလောင်းကို ရန်ကုန်ကို ပြန်သယ်နိုင်ဖို့ပဲ ကြိုးပမ်းနေပါတယ်။ ကျန်တာကတော့ ဒီရောက်မှပဲ ဆက်ပြီးစီစဉ်ရမှာပေါ့”ဟု ဟာသ သရုပ်ဆောင် ဦးငှက်ပျောကြော်က ဆိုသည်။

“ကိုကင်းက လွန်ခဲ့တဲ့ ၇ လ ၈ လတုန်းက အစာရေမျိုပြွန်ကင်ဆာလို့ ယူဆတဲ့အတွက် ကီမို သွင်းရတယ်။ သွေးအားတွေ ကျနေတုန်းပဲ။ အနားယူရမယ့် အချိန်ပေါ့လေ။ သွေးအားကျပြီး သွေးဖြူဥ သွေးနီဥတွေ ပုံမှန်မဖြစ်သေးတဲ့အချိန်မှာ သူက အလုပ်လုပ်ချင်စိတ် များတဲ့အခါကျ ဇာတ်ကား ပြန်ရိုက်တယ်။ ပုပ္ပားမှာက ရာသီဥတု အရမ်းအေးတဲ့ အခါကျတော့ ချွဲကျပ်ပြီး ဆုံးသွားတာပါ။ ဆုံးတာကတော့ မနက် ၆ နာရီဝန်းကျင်မှာ ဆုံးသွားတာပါ။

ပုပ္ပားသွားတာကတော့ ဒါရိုက်တာ ကျော်ဇောလင်းနဲ့ ဇာတ်လမ်းတွဲ သွားရိုက်တာလို့ သိရပါတယ်။ မိန်းမရော ကလေးရော အဲဒီကိုပါသွားတဲ့ အခါကျတော့ နာရေးကိစ္စတော့ သေချာမစီစဉ်ရသေးပါဘူး။ ကျွန်တော်တို့အားလုံး တိုင်ပင်ပြီးမှပဲ နာရေးကိစ္စကို ကြေညာပေးပါမယ်”ဟု ဟာသသရုပ်ဆောင် ဦးဖိုးဖြူက ဖြေကြားပေးခဲ့သည်။

ဟာသသရုပ်ဆောင် ဦးကင်းကောင်သည် တက္ကသိုလ်ကျောင်းသား ဘဝကတည်းကပင် အနုပညာလုပ်ငန်းများ၌ ပါဝင်လုပ်ကိုင်ခဲ့သူဖြစ်ပြီး အရှည်ကြီးအမည်ဖြင့် လူရွှင်တော်တစ်ဦးအဖြစ် စတင်ခဲ့ကာ မြပုဏ္ဏမာအငြိမ့်တွင် ကင်းကောင်အမည်ဖြင့် စတင် ပါဝင်ခဲ့သူ ဖြစ်သည်။ လူရွှင်တော် တစ်ဦးအဖြစ် ပရိသတ်အားပေးချစ်ခင်မှု ရရှိခဲ့သည့် ဦးကင်းကောင်သည် ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများစွာတွင်လည်း ဟာသသရုပ်ဆောင် တစ်ဦးအဖြစ် ပါဝင်ခဲ့သည်။ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) စီစဉ်တင်ဆက်သည့် “သရဲလေးကောင်နှင့် ကျွန်တော်” ပြဇာတ်တွင်လည်း အကယ်ဒမီ လွင်မိုး၊ အရိုင်း၊ ငှက်ပျောကြော်၊ ဖိုးဖြူတို့နှင့် တွဲဖက်ညီညီ တင်ဆက်ခဲ့သူ ဖြစ်သည်။ “သရဲလေးကောင်” ပြဇာတ်မှာ အောင်မြင်မှုများစွာရရှိခဲ့ပြီး လက်ရှိအချိန်ထိ ပရိသတ်များရင်ထဲတွင် စွဲထင်ကျန်ရစ်ခဲ့သည့် ပြဇာတ်တစ်ခု ဖြစ်သည်။

ဦးကင်းကောင်သည် ၂၀၁၆ ခုနှစ်တွင် အစာရေမျိုပြွန်အား ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီး နောက်အနုပညာလုပ်ငန်းများအား ခေတ္တရပ်နားခဲ့ကာ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသဖြင့် ဇာတ်ကားများ ပြန်လည်ရိုက်ကူးနေခဲ့ပြီး ဇာတ်လမ်းတွဲ ရိုက်ကူးရေးတွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ ဦးကင်းကောင်သည် ဇန်နဝါရီ ၂၁ ရက် ညပိုင်းတွင် စတင်ပြသခဲ့သည့် “သာမိုမီတာ” ရုပ်သံဇာတ်လမ်းတွဲတွင်လည်း ပါဝင် သရုပ်ဆောင်ထားသည်။ ဦးကင်းကောင်၏ နာရေး အစီအစဉ် အတွက် ပြန်လည် ကြေညာပေးသွားမည်ဖြစ်ပြီး လတ်တလောတွင် ပုပ္ပားမှ သယ်ဆောင်လာမည့် ရုပ်အလောင်းအား ဦးငှက်ပျောကြော်၊ ဦးဖိုးဖြူ၊ ဦးဇာဂနာ စသူတို့က သွားရောက်စောင့်ဆိုင်း သယ်ဆောင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

Credit-EMG