ခ်စ္သူက ကိုယ္ဝန္ဖ်က္ခ်ခိုင္း ေသာေၾကာင့္ ကိုယ့္ကိုယ္ကို ေသေၾကာင္းႀကံသြားသည့္ အသက္ 22 အရြယ္ မိန္းကေလး

0
986

(For Zawgyi)

ခ်စ္သူက ကိုယ္ဝန္ဖ်က္ခ်ခိုင္း ေသာေၾကာင့္ ကိုယ့္ကိုယ္ကို ေသေၾကာင္းႀကံသြားသည့္ အသက္ 22 အရြယ္ မိန္းကေလး

တရုတ္ႏိုင္ငံ၊ Xihu ခရိုင္၊ Hongzhou ၿမိဳ႕မွာ ေနထိုင္တဲ့ အသက္ 22 အရြယ္ မိန္းကေလးတစ္ေယာက္က ကိုယ့္ကိုယ္ကိုယ္ ေသေၾကာင္းၾကံ ခဲ့ပါတယ္။ အေၾကာင္းကေတာ့ သူမရဲ႕ ရည္းစားျဖစ္သူက သံုးလ အတြင္းမွာ ကိုယ္ဝန္ဖ်က္ခ်ဖို႔ ႏွစ္ခါေတာင္ ဖိအားေပးခဲ့လို႔ပါ။

Sydney Today ရဲ႕ ေဖာ္ျပခ်က္အရ Li Yingying လို႔ေခၚတဲ့ ေမာ္ဒယ္မေလး တစ္ေယာက္က လြန္ခဲ့တဲ့ ေျခာက္လက ရည္းစားတစ္ေယာက္ ရခဲ့ပါတယ္။ Li ဟာ တစ္သီးတျခား ျဖစ္ေနတဲ့ မိဘႏွစ္ပါးကေန ေမြးဖြားလာသူပါ။ သူမရဲ႕ရည္းစား Pan Yue က Li ရဲ႕ အေမနဲ႔ အႀကိမ္အနည္းငယ္ ေတြ႕ဖူးပါတယ္။

Pan က Li ကို ေကာင္းေကာင္းမြန္မြန္ ေစာင့္ေရွာက္မယ့္ အေၾကာင္းကို Li ရဲ႕အေမ စိတ္ခ်လက္ခ် ျဖစ္ဖို႔ ေျပာခဲ့ပါေသးတယ္။ Pan က ခ်မ္းသာတဲ့ အသိုင္းအဝုိင္းက သားတစ္ေယာက္ ျဖစ္ေပမယ့္ Li က တစ္လကို ယြမ္ 50000 ရွာႏိုင္ေလာက္ေအာင္ ဝင္ေငြေကာင္းပါတယ္။

ဒါေပမယ့္ မၾကာခင္မွာပဲ Li မွာ Pan နဲ႔ရတဲ့ ကိုယ္ဝန္ ရွိေနၿပီဆိုတဲ့အေၾကာင္း Pan ကို ေျပာျပလိုက္ပါတယ္။ Pan က တာဝန္ယူရမယ့္အစား Li ကို ကုိယ္ဝန္ဖ်က္ခ်ဖို႔ စည္းရံုးေျပာဆို ခဲ့ပါတယ္။ Li က မိသားစု ဘဝေလးကို တည္ေဆာက္ခ်င္ပါတယ္။ ဒါေပမယ့္ ကေလးေတြေမြးဖို႔အတြက္ သူတို႔ႏွစ္ေယာက္က သိပ္ကိုငယ္ေနေသးေၾကာင္း Panက ေျပာပါတယ္။

ေနာက္တစ္ႀကိမ္ ကိုယ္ဝန္ရလာရင္ေတာ့ Li ကို လက္ထပ္မယ္ လို႔လည္း ေျပာပါေသးတယ္။ ကိုယ္ဝန္ ဖ်က္ခ်ၿပီး မၾကာမီ မတ္လ 30 ရက္ ေန႔မွာေတာ့ Pan ရဲ႕လုပ္ရပ္ေၾကာင့္ Li တစ္ေယာက္ အံ့ဩတုန္လႈပ္ သြားပါတယ္။ Pan က အလုပ္ကိစၥနဲ႔ ခရီးထြက္တယ္ ဆိုၿပီး တျခား မိန္းကေလးေတြနဲ႔ အတူရွိေနတာပါ။

အသည္းကြဲသြားတဲ့ Li ဟာ Pan ကို လမ္းခြဲဖို႔ ဆံုးျဖတ္လိုက္ ပါေတာ့တယ္။ ဒါေပမယ့္ စိတ္မေကာင္းစရာ တစ္ခုက Li မွာ ကိုယ္ဝန္ ထပ္ရွိေနတယ္ ဆိုတာ Pan နဲ႔ လမ္းခြဲၿပီး ရက္အနည္းငယ္ အၾကာမွာမွ သိလိုက္ရ တာပါပဲ။ Li က Pan ကို ဒီအေၾကာင္း ေျပာျပလုိက္ေပမယ့္ Pan က လက္ထပ္ဖို႔ ျငင္းလိုက္ပါတယ္။

Li ရဲ႕ စိတ္ထိခိုက္ ခံစားရမႈအတြက္ Pan က ေလ်ာ္ေၾကးေငြပဲ ေပးႏိုင္တယ္ လို႔ ေျပာပါတယ္။ ဒီကိစၥက ပထမအႀကိမ္ ကိုယ္ဝန္ ဖ်က္ခ်တုန္းက အခ်ိန္နဲ႔ သံုးလေတာင္ မကြာေသးပါဘူး။ အဲဒါေၾကာင့္ Li ဟာ တုန္လႈပ္ေခ်ာက္ခ်ားဖြယ္ အေတြ႕အႀကံဳကို ေနာက္ထပ္ မႀကဳံခ်င္ေတာ့ပါဘူး။ Li စိတ္ဓာတ္ေတြက်ၿပီး စိတ္ဖိစီးမႈ မ်ားလာပါတယ္။

ဒီဖိအားေတြကို ေနာက္ထပ္ သည္းမခံႏိုင္ေတာ့တဲ့အခါ Li ဟာ အခန္းထဲမွာ မီးေသြးေတြကို မီးရွို႔ၿပီး ကိုယ့္ကိုယ္ကိုယ္ ေသေၾကာင္းၾကံဖို႔ ဆံုးျဖတ္ခဲ့ပါတယ္။ ဧၿပီလ 12 ရက္ မနက္ 4 နာရီ ပတ္ဝန္းက်င္မွာ Li ဟာ အိမ္မွာပဲ ကိုယ့္ကိုယ္ကိုယ္ ေသေၾကာင္းၾကံ ခဲ့ပါတယ္။ အဲဒီအိမ္မွာ Li နဲ႔အတူ အျခား မိန္းကေလးႏွစ္ေယာက္ အတူ ေနၾကတာပါ။

မီးသတ္သမားေတြ ေရာက္လာတဲ့အခါမွာေတာ့ Li ေသဆံုးေနပါၿပီ။ လြန္ခဲ့တဲ့ ရက္အနည္းငယ္တုန္းက Li ဟာ Pan နဲ႔ စကားမ်ား ရန္ျဖစ္ၿပီး စိတ္ေတြ ကေယာင္ေခ်ာက္ခ်ား ျဖစ္တာေတြ႕တယ္လို႔ Li ရဲ႕အိမ္အကူက ေျပာပါတယ္။ ဒါေပမယ့္ Li ကိုယ့္ကိုယ္ကိုယ္ ေသေၾကာင္းၾကံတဲ့ အခ်ိန္မွာေတာ့ ကိုယ္ဝန္ရွိေနမွန္း သူတို႔ မသိခဲ့ၾကဘူးလို႔ ေျပာပါတယ္။

Li ရဲ႕အေမက ဒီဝမ္းနည္းစရာ သတင္းကို ၾကားၿပီး ယူက်ံဳးမရ စိတ္ထိခိုက္သြား ပါေတာ့တယ္။ Pan နဲ႔ သူအေမက အခင္းျဖစ္တဲ့ ေနရာကို ေရာက္လာၾကေပမယ့္လည္း ေနာင္တရပံု မေပၚၾကပါဘူး။ လက္ထပ္ဖို႔ အတြက္ ဘာမွ မျပင္ဆင္ရေသးေၾကာင္း၊ မိန္းကေလးေတြနဲ႔ ေပ်ာ္ေပ်ာ္ပါးပါးေနဦးမယ္ ဆိုတဲ့အေၾကာင္း Pan က သူ႔သူငယ္ခ်င္းကို ေျပာျပဖူးပါတယ္။

Pan နဲ႔ သူ႔အေမကေတာ့ Li ရဲ႕ေသဆံုးမႈနဲ႔ ပတ္သက္ၿပီး အေလး မထားၾကပါဘူး။ ဒီအမႈက သူတို႔နဲ႔ နည္းနည္းမွ မဆိုင္ၾကသလိုပဲ ေနၾကပါတယ္။ Li ရဲ႕ေသဆံုးမႈနဲ႔ ပတ္သက္ၿပီး Pan ရဲ႕အေမက ဘာမွလုပ္ေပးစရာ မရွိတဲ့အေၾကာင္း၊ သူမရဲ႕သားက မိန္းကေလးေတြကို ေရြးခ်ယ္ဖို႔ အတြက္ ရွာေဖြေနဆဲ ျဖစ္ေၾကာင္း ေျပာပါေသးတယ္။

Li ရဲ႕အေမကေတာ့ စိတ္မေကာင္းစရာ ဒီအျဖစ္အပ်က္ေလးကို တရုတ္ Social media မွာ ေဖာ္ျပခဲ့ပါတယ္။ Pan ရဲ႕ တာဝန္မဲ့တဲ့ လုပ္ရပ္ေၾကာင့္ ငယ္ရြယ္ ေတာက္ပေနဆဲ ဘဝတစ္ခု ဆံုးရွံုးေလျခင္း ဆိုၿပီး ဒီသတင္းက လူအမ်ားရဲ႕ အာရံုစိုက္မႈကို ရခဲ့ပါတယ္။

Zombie(Loveအတိုအေစေလးမ်ား)
Source-World of Buzz

(For Unicode)

ရည်းစားဖြစ်သူက ကိုယ်ဝန်ဖျက်ချရန် ဖိအားပေးသောကြောင့် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံသွားသည့် အသက် 22 အရွယ် မိန်းကလေး

တရုတ်နိုင်ငံ၊ Xihu ခရိုင်၊ Hongzhou မြို့မှာ နေထိုင်တဲ့ အသက် 22 အရွယ် မိန်းကလေးတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံ ခဲ့ပါတယ်။ အကြောင်းကတော့ သူမရဲ့ ရည်းစားဖြစ်သူက သုံးလ အတွင်းမှာ ကိုယ်ဝန်ဖျက်ချဖို့ နှစ်ခါတောင် ဖိအားပေးခဲ့လို့ပါ။

Sydney Today ရဲ့ ဖော်ပြချက်အရ Li Yingying လို့ခေါ်တဲ့ မော်ဒယ်မလေး တစ်ယောက်က လွန်ခဲ့တဲ့ ခြောက်လက ရည်းစားတစ်ယောက် ရခဲ့ပါတယ်။ Li ဟာ တစ်သီးတခြား ဖြစ်နေတဲ့ မိဘနှစ်ပါးကနေ မွေးဖွားလာသူပါ။ သူမရဲ့ရည်းစား Pan Yue က Li ရဲ့ အမေနဲ့ အကြိမ်အနည်းငယ် တွေ့ဖူးပါတယ်။

Pan က Li ကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်မယ့် အကြောင်းကို Li ရဲ့အမေ စိတ်ချလက်ချ ဖြစ်ဖို့ ပြောခဲ့ပါသေးတယ်။ Pan က ချမ်းသာတဲ့ အသိုင်းအဝိုင်းက သားတစ်ယောက် ဖြစ်ပေမယ့် Li က တစ်လကို ယွမ် 50000 ရှာနိုင်လောက်အောင် ဝင်ငွေကောင်းပါတယ်။

ဒါပေမယ့် မကြာခင်မှာပဲ Li မှာ Pan နဲ့ရတဲ့ ကိုယ်ဝန် ရှိနေပြီဆိုတဲ့အကြောင်း Pan ကို ပြောပြလိုက်ပါတယ်။ Pan က တာဝန်ယူရမယ့်အစား Li ကို ကိုယ်ဝန်ဖျက်ချဖို့ စည်းရုံးပြောဆို ခဲ့ပါတယ်။ Li က မိသားစု ဘဝလေးကို တည်ဆောက်ချင်ပါတယ်။ ဒါပေမယ့် ကလေးတွေမွေးဖို့အတွက် သူတို့နှစ်ယောက်က သိပ်ကိုငယ်နေသေးကြောင်း Panက ပြောပါတယ်။

နောက်တစ်ကြိမ် ကိုယ်ဝန်ရလာရင်တော့ Li ကို လက်ထပ်မယ် လို့လည်း ပြောပါသေးတယ်။ ကိုယ်ဝန် ဖျက်ချပြီး မကြာမီ မတ်လ 30 ရက် နေ့မှာတော့ Pan ရဲ့လုပ်ရပ်ကြောင့် Li တစ်ယောက် အံ့ဩတုန်လှုပ် သွားပါတယ်။ Pan က အလုပ်ကိစ္စနဲ့ ခရီးထွက်တယ် ဆိုပြီး တခြား မိန်းကလေးတွေနဲ့ အတူရှိနေတာပါ။

အသည်းကွဲသွားတဲ့ Li ဟာ Pan ကို လမ်းခွဲဖို့ ဆုံးဖြတ်လိုက် ပါတော့တယ်။ ဒါပေမယ့် စိတ်မကောင်းစရာ တစ်ခုက Li မှာ ကိုယ်ဝန် ထပ်ရှိနေတယ် ဆိုတာ Pan နဲ့ လမ်းခွဲပြီး ရက်အနည်းငယ် အကြာမှာမှ သိလိုက်ရ တာပါပဲ။ Li က Pan ကို ဒီအကြောင်း ပြောပြလိုက်ပေမယ့် Pan က လက်ထပ်ဖို့ ငြင်းလိုက်ပါတယ်။

Li ရဲ့ စိတ်ထိခိုက် ခံစားရမှုအတွက် Pan က လျော်ကြေးငွေပဲ ပေးနိုင်တယ် လို့ ပြောပါတယ်။ ဒီကိစ္စက ပထမအကြိမ် ကိုယ်ဝန် ဖျက်ချတုန်းက အချိန်နဲ့ သုံးလတောင် မကွာသေးပါဘူး။ အဲဒါကြောင့် Li ဟာ တုန်လှုပ်ချောက်ချားဖွယ် အတွေ့အကြုံကို နောက်ထပ် မကြုံချင်တော့ပါဘူး။ Li စိတ်ဓာတ်တွေကျပြီး စိတ်ဖိစီးမှု များလာပါတယ်။

ဒီဖိအားတွေကို နောက်ထပ် သည်းမခံနိုင်တော့တဲ့အခါ Li ဟာ အခန်းထဲမှာ မီးသွေးတွေကို မီးရှို့ပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဧပြီလ 12 ရက် မနက် 4 နာရီ ပတ်ဝန်းကျင်မှာ Li ဟာ အိမ်မှာပဲ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံ ခဲ့ပါတယ်။ အဲဒီအိမ်မှာ Li နဲ့အတူ အခြား မိန်းကလေးနှစ်ယောက် အတူ နေကြတာပါ။

မီးသတ်သမားတွေ ရောက်လာတဲ့အခါမှာတော့ Li သေဆုံးနေပါပြီ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက Li ဟာ Pan နဲ့ စကားများ ရန်ဖြစ်ပြီး စိတ်တွေ ကယောင်ချောက်ချား ဖြစ်တာတွေ့တယ်လို့ Li ရဲ့အိမ်အကူက ပြောပါတယ်။ ဒါပေမယ့် Li ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတဲ့ အချိန်မှာတော့ ကိုယ်ဝန်ရှိနေမှန်း သူတို့ မသိခဲ့ကြဘူးလို့ ပြောပါတယ်။

Li ရဲ့အမေက ဒီဝမ်းနည်းစရာ သတင်းကို ကြားပြီး ယူကျုံးမရ စိတ်ထိခိုက်သွား ပါတော့တယ်။ Pan နဲ့ သူအမေက အခင်းဖြစ်တဲ့ နေရာကို ရောက်လာကြပေမယ့်လည်း နောင်တရပုံ မပေါ်ကြပါဘူး။ လက်ထပ်ဖို့ အတွက် ဘာမှ မပြင်ဆင်ရသေးကြောင်း၊ မိန်းကလေးတွေနဲ့ ပျော်ပျော်ပါးပါးနေဦးမယ် ဆိုတဲ့အကြောင်း Pan က သူ့သူငယ်ချင်းကို ပြောပြဖူးပါတယ်။

Pan နဲ့ သူ့အမေကတော့ Li ရဲ့သေဆုံးမှုနဲ့ ပတ်သက်ပြီး အလေး မထားကြပါဘူး။ ဒီအမှုက သူတို့နဲ့ နည်းနည်းမှ မဆိုင်ကြသလိုပဲ နေကြပါတယ်။ Li ရဲ့သေဆုံးမှုနဲ့ ပတ်သက်ပြီး Pan ရဲ့အမေက ဘာမှလုပ်ပေးစရာ မရှိတဲ့အကြောင်း၊ သူမရဲ့သားက မိန်းကလေးတွေကို ရွေးချယ်ဖို့ အတွက် ရှာဖွေနေဆဲ ဖြစ်ကြောင်း ပြောပါသေးတယ်။

Li ရဲ့အမေကတော့ စိတ်မကောင်းစရာ ဒီအဖြစ်အပျက်လေးကို တရုတ် Social media မှာ ဖော်ပြခဲ့ပါတယ်။ Pan ရဲ့ တာဝန်မဲ့တဲ့ လုပ်ရပ်ကြောင့် ငယ်ရွယ် တောက်ပနေဆဲ ဘဝတစ်ခု ဆုံးရှုံးလေခြင်း ဆိုပြီး ဒီသတင်းက လူအများရဲ့ အာရုံစိုက်မှုကို ရခဲ့ပါတယ်။

Zombie(Loveအတိုအစေလေးများ)
Source-World of Buzz

LEAVE A REPLY

Please enter your comment!
Please enter your name here