ဒီေခတ္လူငယ္ေတြ ဘာမွန္း မသိၾကတဲ့ ” ေစ်း အစ ” ” ဇာတ္ အလယ္ ” ” ဖာ အဆံုး “

0
682

(Zawgyi)

ဒီေခတ္လူငယ္ေတြ ဘာမွန္း မသိၾကတဲ့ ” ေစ်း အစ ” ” ဇာတ္ အလယ္ ” ” ဖာ အဆံုး ”

“ေစ်း အစ” “ဇာတ္ အလယ္” “ဖာ အဆံုး”….

ဒီစကားေလးက မိတ္ေဆြတို့ ရဲ႕ရင္ကို တခုခုျဖစ္ေပၚေစ လိမ့္မည္ဟု ထင္မိပါသည္။ ဖာ ဆိုေသာစကားက အဓိပၸါယ္နွစ္ခြ ထြက္ေနေသာ စကားျဖစ္ပါသည္။

မိတ္ေဆြတို့ ရင္ထဲတြင္ ဖာဆိုေသာ စကားၾကားသည္နွင့္ ယုတ္ညံ႕ေသာ စကားဟု ထင္ေကာင္းထင္ပါလိမ့္မည္။ ထိုအေတြးနွင့္ အတူ စကားတစ္ခု ကိုလည္း ရိုင္းျပသည္ဟု ထင္ပါလိမ့္မည္။

”ေစ်းအစ ဇာတ္အလယ္ ဖာအဆံုး” ဆိုတဲ႔ ေရွးလူျကီးသူမ တို့၏ အခ်ိန္ ကာလနွင့္ ေနရာေဒသ ေရြးတတ္ရန္ မွာျကားခဲ႔ေသာ စကားစုသည္ ယခုေခတ္ကာလ တြင္ ရိုင္းျပေသာ ေနရာတြင္ သံုးႏႈန္းေနျက သည္မွာ သိပ္ကိုဝမ္းနည္းဖို့ ေကာင္းပါသည္။

ေစ်းအစဆိုသည္မွာ …..ေစ်းဝယ္မည့္ သူသည္ မနက္ေစာေစာ ထ၍ ေစ်းအစဆံုး ဖြင့္ခ်ိန္တြင္ သြားေရာက္ဝယ္ ယူရမည္ဟု ဆိုလိုပါသည္ ထိုသို့ ေစ်းအစဆံုး ဖြင့္ခ်ိန္ သြားေရာက္ဝယ္ယူမွ သူမ်ားထက္ ဦးစြာ လတ္ဆတ္ ေကာင္းမြန္ေသာ ကုန္စည္ မ်ားကို ဝယ္ယူနိုင္ မွာပါ။

ေစ်းအစတြင္ မဝယ္ယူပဲ ေနာက္က် မွ သြားေရာက္ ဝယ္ယူလ်ွင္ သူမ်ား မလိုခ်င္၍ က်န္ေနေသာ ကုန္စည္ ခပ္ညံ႕ညံ႕သာ ရရွိမွာ ျဖစ္ပါတယ္ ။ဒါ့ေျကာင့္ ေစ်းအစဟု ဆိုေရး ရွိတာပါ။

ဇာတ္အလယ္တဲ႔ … ဇာတ္ကသည့္ သူမ်ားဟာ ညလယ္ပိုင္းမွာ ဗုဒၶဝင္တို့ ျပဇာတ္ တို့ကဲ႕သို့ေသာ မွတ္သားထိုက္သည္မ်ားကို ကျပတတ္ေသာေျကာင့္ ဇာတ္ျကည့္မယ္ ဆိုလ်ွင္ ညလယ္ပိုင္းသည္ အဓိက ၾကည့္သင့္သည္ဟု ညႊန္ျပခဲ႕ျခင္း ျဖစ္ပါသည္။

ဖာ အဆံုးတဲ႔ ……ယခု စကားပံုတြင္ ပါေသာ ဖာဆိုသည္မွာ ထန္းေခါက္ဖာကို ေျပာတာျဖစ္ပါသည္။ အဝတ္အစား ပစၥည္းကိရိယာမ်ား ထည့္သြင္း သိမ္းဆည္း ထားနိုင္ေသာ ေသတၱာကဲ႕သို့ေသာ ဖာေသတၱာကို ဆိုလိုျခင္း ျဖစ္သည္။

ထိုဖာမ်ားကို ေရာင္းခ်မည့္ သူမ်ားသည္ ဖာေသတၱာမ်ားကို အဆင့္ဆင့္ ထပ္ကာ ထမ္းပိုး ေရာင္းခ်ျကပါသည္။ ထိုသို့ အဆင့္ဆင့္ ထပ္ထားေသာ ဖာေသတၱာမ်ားတြင္ ေအာက္ဆံုး၌ ေတာင့္တင္း ခိုင္မာေသာ ဖာကို ထားေလ့ ရွိပါသည္ ။

သို့မွသာ ေအာက္ဆံုး ဖာသည္ သူ့အေပၚမွ ဖာမ်ား၏ အေလးခ်ိန္ကို ခံနိုင္မွာ ျဖစ္ပါတယ္။ ထို့ေျကာင့္ ဖာေသတၱာ ဝယ္ယူမည္ ဆိုလ်ွင္ ေအာက္ဆံုးဖာကို ဝယ္ယူဖို့ ညႊန္ျကားထားတာ ျဖစ္သည့္ အတြက္ ဖာအဆံုးဟု ဆိုေရးရွိခဲ႕တာ ျဖစ္ပါတယ္။

ထို့ေျကာင့္ ေစ်းအစ ဇာတ္အလယ္ ဖာအဆံုး ဟူေသာ စကားပံု အဓိပၸါယ္ ကို မွန္ကန္စြာ သိ၍ အေျခအေန အခ်ိန္ ကာလ ကို သိတတ္သူမ်ား ျဖစ္ျကပါေစဟု ဆႏၵျုပဳရင္း …..။

အာလံုး မဂၤလာအေပါင္းနဲ႔ ျပည္စံုနိုင္ၾကပါေစ…။ crd ပါ ။

(Unicode)

ဒီခေတ်လူငယ်တွေ ဘာမှန်း မသိကြတဲ့ ” ဈေး အစ ” ” ဇာတ် အလယ် ” ” ဖာ အဆုံး ”

“ဈေး အစ” “ဇာတ် အလယ်” “ဖာ အဆုံး”….

ဒီစကားလေးက မိတ်ဆွေတို့ ရဲ့ရင်ကို တခုခုဖြစ်ပေါ်စေ လိမ့်မည်ဟု ထင်မိပါသည်။ ဖာ ဆိုသောစကားက အဓိပ္ပါယ်နှစ်ခွ ထွက်နေသော စကားဖြစ်ပါသည်။

မိတ်ဆွေတို့ ရင်ထဲတွင် ဖာဆိုသော စကားကြားသည်နှင့် ယုတ်ညံ့သော စကားဟု ထင်ကောင်းထင်ပါလိမ့်မည်။ ထိုအတွေးနှင့် အတူ စကားတစ်ခု ကိုလည်း ရိုင်းပြသည်ဟု ထင်ပါလိမ့်မည်။

”ဈေးအစ ဇာတ်အလယ် ဖာအဆုံး” ဆိုတဲ့ ရှေးလူကြီးသူမ တို့၏ အချိန် ကာလနှင့် နေရာဒေသ ရွေးတတ်ရန် မှာကြားခဲ့သော စကားစုသည် ယခုခေတ်ကာလ တွင် ရိုင်းပြသော နေရာတွင် သုံးနှုန်းနေကြ သည်မှာ သိပ်ကိုဝမ်းနည်းဖို့ ကောင်းပါသည်။

ဈေးအစဆိုသည်မှာ …..ဈေးဝယ်မည့် သူသည် မနက်စောစော ထ၍ ဈေးအစဆုံး ဖွင့်ချိန်တွင် သွားရောက်ဝယ် ယူရမည်ဟု ဆိုလိုပါသည် ထိုသို့ ဈေးအစဆုံး ဖွင့်ချိန် သွားရောက်ဝယ်ယူမှ သူများထက် ဦးစွာ လတ်ဆတ် ကောင်းမွန်သော ကုန်စည် များကို ဝယ်ယူနိုင် မှာပါ။

ဈေးအစတွင် မဝယ်ယူပဲ နောက်ကျ မှ သွားရောက် ဝယ်ယူလျှင် သူများ မလိုချင်၍ ကျန်နေသော ကုန်စည် ခပ်ညံ့ညံ့သာ ရရှိမှာ ဖြစ်ပါတယ် ။ဒါ့ကြောင့် ဈေးအစဟု ဆိုရေး ရှိတာပါ။

ဇာတ်အလယ်တဲ့ … ဇာတ်ကသည့် သူများဟာ ညလယ်ပိုင်းမှာ ဗုဒ္ဓဝင်တို့ ပြဇာတ် တို့ကဲ့သို့သော မှတ်သားထိုက်သည်များကို ကပြတတ်သောကြောင့် ဇာတ်ကြည့်မယ် ဆိုလျှင် ညလယ်ပိုင်းသည် အဓိက ကြည့်သင့်သည်ဟု ညွှန်ပြခဲ့ခြင်း ဖြစ်ပါသည်။

ဖာ အဆုံးတဲ့ ……ယခု စကားပုံတွင် ပါသော ဖာဆိုသည်မှာ ထန်းခေါက်ဖာကို ပြောတာဖြစ်ပါသည်။ အဝတ်အစား ပစ္စည်းကိရိယာများ ထည့်သွင်း သိမ်းဆည်း ထားနိုင်သော သေတ္တာကဲ့သို့သော ဖာသေတ္တာကို ဆိုလိုခြင်း ဖြစ်သည်။

ထိုဖာများကို ရောင်းချမည့် သူများသည် ဖာသေတ္တာများကို အဆင့်ဆင့် ထပ်ကာ ထမ်းပိုး ရောင်းချကြပါသည်။ ထိုသို့ အဆင့်ဆင့် ထပ်ထားသော ဖာသေတ္တာများတွင် အောက်ဆုံး၌ တောင့်တင်း ခိုင်မာသော ဖာကို ထားလေ့ ရှိပါသည် ။

သို့မှသာ အောက်ဆုံး ဖာသည် သူ့အပေါ်မှ ဖာများ၏ အလေးချိန်ကို ခံနိုင်မှာ ဖြစ်ပါတယ်။ ထို့ကြောင့် ဖာသေတ္တာ ဝယ်ယူမည် ဆိုလျှင် အောက်ဆုံးဖာကို ဝယ်ယူဖို့ ညွှန်ကြားထားတာ ဖြစ်သည့် အတွက် ဖာအဆုံးဟု ဆိုရေးရှိခဲ့တာ ဖြစ်ပါတယ်။

ထို့ကြောင့် ဈေးအစ ဇာတ်အလယ် ဖာအဆုံး ဟူသော စကားပုံ အဓိပ္ပါယ် ကို မှန်ကန်စွာ သိ၍ အခြေအနေ အချိန် ကာလ ကို သိတတ်သူများ ဖြစ်ကြပါစေဟု ဆန္ဒြုပုရင်း …..။

အာလုံး မင်္ဂလာအပေါင်းနဲ့ ပြည်စုံနိုင်ကြပါစေ…။ crd ပါ ။