ညီအစ္ကို ၅ ေယာက္စလုံးကို ယူထားၿပီး တအိမ္ထဲမွာ အတူေနခဲ့တဲ့ အမ်ိဳးသမီး

0
1738

(Zawgyi)

ညီအစ္ကို ၅ ေယာက္စလုံးကို ယူထားၿပီး တအိမ္ထဲမွာ အတူေနခဲ့တဲ့ အမ်ိဳးသမီး

ေလာကႀကီးမွာ ထူးဆန္းတာေတြ ရွိတတ္ ၾကပါတယ္။

ဒါကိုပဲ သဘာဝလြန္ ျဖစ္ရပ္ေတြလို႔ ေျပာၾကတာပါ။ ဒီေနရာမွာ ေယာက္်ား တဦးက ဇနီး ၄ ၊ ၅ ဦးကို တၿပိဳင္တည္း လက္ထပ္ ေပါင္းသင္းေနတယ္ ဆိုတာ မထူးဆန္းေပမယ့္ မိန္းမ တဦး က ခင္ပြန္း ေယာက်္ား ၅ ဦးကို တၿပိဳင္တည္း ေပါင္းသင္းတယ္ ဆိုတဲ့ အျဖစ္မ်ိဳး ကေတာ့ ထူးဆန္း မေနဘူးလား ။ ဒီလိုထူးဆန္းမႈ ကေတာ့ ကမာၻေပၚမွာ တကယ္ ရွိေနပါတယ္။ သူကေတာ့ အိႏၵိယႏိုင္ငံက အသက္ ၂၁ ႏွစ္ အ႐ြယ္ ရွိတဲ့ မစၥ ရာဂ်ိဳ ဗာမာ ဆိုသူ အမ်ိဳးသမီးပါ ။

သူမကေတာ့ ခင္ပြန္းသည္ ၅ ဦးနဲ႔ အလွည့္က် တညစီ ေနပါသတဲ့။ ခင္ပြန္းျဖစ္သူ ၅ ဦးလုံး ကလည္း ညီအကိုေတြ ျဖစ္ေနတာပါ လို႔ The Sun အြန္လိုင္း သတင္းစာမွာ ေဖာ္ျပထား ပါတယ္ ရင္ခြင္ထဲ ေပြ႕ခ်ီထားတဲ့ သားငယ္ေလးဟာ ဘယ္အေဖနဲ႔ ေမြးတယ္ ဆိုတာေတာင္ သူ မသိရပါဘူး လို႔ ေျပာပါတယ္ ကနဦးပိုင္းေတာ့ နည္းနည္း ေၾကာင္ေတာင္ေတာင္ ျဖစ္သလို ခံစားခဲ့ ရပါတယ္။

ဒါေပမယ့္ ဘယ္ေယာက်္ား တဦးတေလကိုမွ က်မက မ်က္ႏွာ လိုက္တယ္ ဆိုတာ မရွိဘူး လို႔ မစၥ ရာဂ်ိဳဗာမာ က ေျပာပါတယ္ စၥ ရာဂ်ိဳရဲ႕ ပထမဆုံး သတို႔သား တစ္ဦးျဖစ္ခဲ့သူကေတာ့ အသက္ ၂၁ ႏွစ္ရွိၿပီျဖစ္တဲ့ မစၥတာ ဂတ္ဒူဆိုသူပါ ။ ” က်ေနာ္တို႔ အားလုံးက သူနဲ႔ လိင္ဆက္ဆံေန တာပဲ၊ ဒါေပမယ့္ က်ေနာ္တို႔ မနာလိုစိတ္ မရွိဘူး။ က်ေနာ္တို႔က တကယ့္ မိသားစုႀကီး ျဖစ္ေနတာကိုး ” လို႔ သူက ေျပာပါတယ္။

သူတို႔ ၂ ဦးကေတာ့ လြန္ခဲ့တဲ့ ၄ ႏွစ္ေလာက္က ဟိႏၵဴ႐ိုးရာနဲ႔ လက္ထပ္ ေပါင္းသင္းခဲ့ၾကတဲ့ စုံတြဲပါ တရားဝင္အားျဖင့္ သူတို႔ ၂ ဦးဟာ အၾကင္လင္မယား အျဖစ္ စတင္ ေပါင္းသင္းခဲ့ သူေတြေပါ့။

ဒါေပမယ့္ သူတို႔႐ြာဓေလ့အရ မစၥ ရာဂ်ာဗာမာဟာ မျဖစ္မေနပဲ သူ႔ပထမဆုံး ခင္ပြန္းျဖစ္သူရဲ႕ ညီအစ္ကိုေတြျဖစ္တဲ့ ဘာဂ်ဴ ( အသက္ ၃၂ ႏွစ္)၊ ဆန႔္ရမ္ ( အသက္ ၂၈ႏွစ္)၊ ဂိုပါလ္ ( အသက္ ၂၆ ႏွစ္) ကို ခင္ပြန္းေတြ အျဖစ္ လက္ထပ္ ေပါင္းသင္းရပါတယ္။

ဒီ့အျပင္ မႏွစ္ကမွ အသက္ ၁၈ ႏွစ္ျပည့္ခဲ့လို႔ ေနာက္ဆုံး လက္ထပ္လိုက္ ရတဲ့ သူကေတာ့ ဒိုင္းနဲရွ္ပါပဲ အႀကီးဆုံး အကိုႀကီးျဖစ္သူ ဘာဂ်ဴးက ေျပာတာကေတာ့ စိတ္ဝင္စားစရာပါ ” က်ေနာ့္ မိန္းမအျဖစ္နဲ႔ သူ႔ကို စဥ္းစားပါတယ္။ ၿပီးေတာ့ က်ေနာ့္ညီေတြလိုပဲ သူနဲ႔ အိပ္တာပဲ ” လို႔ ေျပာပါတယ္။

ရာဂ်ိဳက ထမင္းဟင္း ခ်က္ျပဳတ္ၿပီး သန႔္ရွင္းေရး လုပ္ေၾကာင္း၊ ခင္ပြန္းသည္ေတြက အလုပ္အကိုင္ ရွိတဲ့ အိႏၵိယႏိုင္ငံ ေျမာက္ပိုင္း ေဒရာဒန္အရပ္မွာ သြားေနခိုက္ အိမ္က ၁၈ လသားအ႐ြယ္ ေဂ်း ဆိုတဲ့ ကေလးကိုလည္း ထိန္းသိန္း ေစာင့္ေရွာက္ရ ပါေသးတယ္ လို႔ သူက ဆက္ေျပာပါတယ္ ။ မစၥရာဂ်ိဳက ပိုလီယန္ဒရီလို႔ ေခၚတဲ့ ေရွး႐ိုးရာ အေၾကာင္းနဲ႔ ပတ္သက္လို႔ ရွင္းျပပါတယ္။ ” က်မအေမ ကလည္းပဲ ဒီလိုပဲ ညီအကို ၃ ေယာက္ကို လက္ထပ္ခဲ့ တာပါ။

က်မ လက္ထပ္တုန္းကလည္း သူတို႔ ညီ အကိုေတြ အားလုံးကို က်မ ခင္ပြန္းေတြ အျဖစ္ က်မ လက္ခံရမယ္ ဆိုတာ က်မ သိၿပီးသားပါ ” လို႔ ရာဂ်ိဳက ဆိုပါတယ္ ။ ” က်မကေတာ့ သူတို႔နဲ႔ အလွည့္က် အိပ္တယ္။ က်မတို႔မွာက ကုတင္ေတြ၊ အိပ္ရာေတြ မရွိဘူးေလ။ ၾကမ္းျပင္ေပၚ ေစာင္ေတြ မ်ားမ်ား ခင္းလိုက္တာပဲ ” လို႔ ရာဂ်ိဳက ဆိုပါတယ္ ၿပီးေတာ့သူက ဆက္ေျပာတာကို စာဖတ္သူမ်ား ပိုစိတ္ဝင္စားမယ္ထင္ပါတယ္။

” မယားေတြ အမ်ားႀကီး ရွိတာမ်ိဳးထက္ စာရင္ ခ်စ္ျခင္းေမတၱာနဲ႔ ပတ္သက္လို႔ က်မက ပိုလို႔ေတာင္ ဂ႐ုစိုက္မႈ ခံရေသးတယ္ ” လို႔ ရာဂ်ိဳက ဆိုပါတယ္။

သူတို႔ ဓေလ့၊ သူတို႔႐ိုးရာမ်ား အံ့ပါေရာ။ crd ပါ ။

(Unicode)

ညီအစ်ကို ၅ ယောက်စလုံးကို ယူထားပြီး တအိမ်ထဲမှာ အတူနေခဲ့တဲ့ အမျိုးသမီး

လောကကြီးမှာ ထူးဆန်းတာတွေ ရှိတတ် ကြပါတယ်။

ဒါကိုပဲ သဘာဝလွန် ဖြစ်ရပ်တွေလို့ ပြောကြတာပါ။ ဒီနေရာမှာ ယောက်ျား တဦးက ဇနီး ၄ ၊ ၅ ဦးကို တပြိုင်တည်း လက်ထပ် ပေါင်းသင်းနေတယ် ဆိုတာ မထူးဆန်းပေမယ့် မိန်းမ တဦး က ခင်ပွန်း ယောကျ်ား ၅ ဦးကို တပြိုင်တည်း ပေါင်းသင်းတယ် ဆိုတဲ့ အဖြစ်မျိုး ကတော့ ထူးဆန်း မနေဘူးလား ။ ဒီလိုထူးဆန်းမှု ကတော့ ကမ္ဘာပေါ်မှာ တကယ် ရှိနေပါတယ်။ သူကတော့ အိန္ဒိယနိုင်ငံက အသက် ၂၁ နှစ် အရွယ် ရှိတဲ့ မစ္စ ရာဂျို ဗာမာ ဆိုသူ အမျိုးသမီးပါ ။

သူမကတော့ ခင်ပွန်းသည် ၅ ဦးနဲ့ အလှည့်ကျ တညစီ နေပါသတဲ့။ ခင်ပွန်းဖြစ်သူ ၅ ဦးလုံး ကလည်း ညီအကိုတွေ ဖြစ်နေတာပါ လို့ The Sun အွန်လိုင်း သတင်းစာမှာ ဖော်ပြထား ပါတယ် ရင်ခွင်ထဲ ပွေ့ချီထားတဲ့ သားငယ်လေးဟာ ဘယ်အဖေနဲ့ မွေးတယ် ဆိုတာတောင် သူ မသိရပါဘူး လို့ ပြောပါတယ် ကနဦးပိုင်းတော့ နည်းနည်း ကြောင်တောင်တောင် ဖြစ်သလို ခံစားခဲ့ ရပါတယ်။

ဒါပေမယ့် ဘယ်ယောကျ်ား တဦးတလေကိုမှ ကျမက မျက်နှာ လိုက်တယ် ဆိုတာ မရှိဘူး လို့ မစ္စ ရာဂျိုဗာမာ က ပြောပါတယ် စ္စ ရာဂျိုရဲ့ ပထမဆုံး သတို့သား တစ်ဦးဖြစ်ခဲ့သူကတော့ အသက် ၂၁ နှစ်ရှိပြီဖြစ်တဲ့ မစ္စတာ ဂတ်ဒူဆိုသူပါ ။ ” ကျနော်တို့ အားလုံးက သူနဲ့ လိင်ဆက်ဆံနေ တာပဲ၊ ဒါပေမယ့် ကျနော်တို့ မနာလိုစိတ် မရှိဘူး။ ကျနော်တို့က တကယ့် မိသားစုကြီး ဖြစ်နေတာကိုး ” လို့ သူက ပြောပါတယ်။

သူတို့ ၂ ဦးကတော့ လွန်ခဲ့တဲ့ ၄ နှစ်လောက်က ဟိန္ဒူရိုးရာနဲ့ လက်ထပ် ပေါင်းသင်းခဲ့ကြတဲ့ စုံတွဲပါ တရားဝင်အားဖြင့် သူတို့ ၂ ဦးဟာ အကြင်လင်မယား အဖြစ် စတင် ပေါင်းသင်းခဲ့ သူတွေပေါ့။

ဒါပေမယ့် သူတို့ရွာဓလေ့အရ မစ္စ ရာဂျာဗာမာဟာ မဖြစ်မနေပဲ သူ့ပထမဆုံး ခင်ပွန်းဖြစ်သူရဲ့ ညီအစ်ကိုတွေဖြစ်တဲ့ ဘာဂျူ ( အသက် ၃၂ နှစ်)၊ ဆန့်ရမ် ( အသက် ၂၈နှစ်)၊ ဂိုပါလ် ( အသက် ၂၆ နှစ်) ကို ခင်ပွန်းတွေ အဖြစ် လက်ထပ် ပေါင်းသင်းရပါတယ်။

ဒီ့အပြင် မနှစ်ကမှ အသက် ၁၈ နှစ်ပြည့်ခဲ့လို့ နောက်ဆုံး လက်ထပ်လိုက် ရတဲ့ သူကတော့ ဒိုင်းနဲရှ်ပါပဲ အကြီးဆုံး အကိုကြီးဖြစ်သူ ဘာဂျူးက ပြောတာကတော့ စိတ်ဝင်စားစရာပါ ” ကျနော့် မိန်းမအဖြစ်နဲ့ သူ့ကို စဉ်းစားပါတယ်။ ပြီးတော့ ကျနော့်ညီတွေလိုပဲ သူနဲ့ အိပ်တာပဲ ” လို့ ပြောပါတယ်။

ရာဂျိုက ထမင်းဟင်း ချက်ပြုတ်ပြီး သန့်ရှင်းရေး လုပ်ကြောင်း၊ ခင်ပွန်းသည်တွေက အလုပ်အကိုင် ရှိတဲ့ အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဒေရာဒန်အရပ်မှာ သွားနေခိုက် အိမ်က ၁၈ လသားအရွယ် ဂျေး ဆိုတဲ့ ကလေးကိုလည်း ထိန်းသိန်း စောင့်ရှောက်ရ ပါသေးတယ် လို့ သူက ဆက်ပြောပါတယ် ။ မစ္စရာဂျိုက ပိုလီယန်ဒရီလို့ ခေါ်တဲ့ ရှေးရိုးရာ အကြောင်းနဲ့ ပတ်သက်လို့ ရှင်းပြပါတယ်။ ” ကျမအမေ ကလည်းပဲ ဒီလိုပဲ ညီအကို ၃ ယောက်ကို လက်ထပ်ခဲ့ တာပါ။

ကျမ လက်ထပ်တုန်းကလည်း သူတို့ ညီ အကိုတွေ အားလုံးကို ကျမ ခင်ပွန်းတွေ အဖြစ် ကျမ လက်ခံရမယ် ဆိုတာ ကျမ သိပြီးသားပါ ” လို့ ရာဂျိုက ဆိုပါတယ် ။ ” ကျမကတော့ သူတို့နဲ့ အလှည့်ကျ အိပ်တယ်။ ကျမတို့မှာက ကုတင်တွေ၊ အိပ်ရာတွေ မရှိဘူးလေ။ ကြမ်းပြင်ပေါ် စောင်တွေ များများ ခင်းလိုက်တာပဲ ” လို့ ရာဂျိုက ဆိုပါတယ် ပြီးတော့သူက ဆက်ပြောတာကို စာဖတ်သူများ ပိုစိတ်ဝင်စားမယ်ထင်ပါတယ်။

” မယားတွေ အများကြီး ရှိတာမျိုးထက် စာရင် ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်လို့ ကျမက ပိုလို့တောင် ဂရုစိုက်မှု ခံရသေးတယ် ” လို့ ရာဂျိုက ဆိုပါတယ်။

သူတို့ ဓလေ့၊ သူတို့ရိုးရာများ အံ့ပါရော။ crd ပါ ။