ခ်စ္တင္းေႏွာျခင္းရဲ႕ အံ့ၾသစရာ အက်ဳိးေက်းဇူး (၆) ခု

0
2575

(Zawgyi)

ခ်စ္တင္းေႏွာျခင္းရဲ႕ အံ့ၾသစရာ အက်ဳိးေက်းဇူး (၆) ခု

ခ်စ္ပရိသတ္တို႔ေရ ပိုခ်စ္ၾကေလေလ ပိုက်န္းမာ ေလေလ ဆိုတဲ့ စကားေလးအတိုင္း ခ်စ္တင္းေႏွာျခင္းဟာ က်န္းမာေရး အတြက္ အံ့ၾသစရာ ေကာင္းေလာက္ေအာင္ အက်ိဳး ေက်းဇူးေတြ ရွိေနတယ္ ဆိုပဲ ။

ဒါေၾကာင့္ ခ်စ္တင္းေနွာျခင္းဟာ စိတ္ပိုင္းဆိုင္ရာ သာယာ ေက်နပ္မႈေတြကို ေပးစြမ္းႏိုင္ရံု သာမက အျခား အျခားေသာ ရုပ္ပိုင္းဆိုင္ရာ က်န္းမာ သန္စြမ္းမႈေတြနဲ႕ ေရာဂါျဖစ္ပြားႏိုင္မႈေတြ ကိုပါ ေလ်ာ့ခ်ေပးႏိုင္တယ္ ဆိုတဲ့ အေၾကာင္းအရာေလး အခ်ိဳ႕ကို ေအာက္မွာ ေဖာ္ျပထားပါတယ္ေနာ္။ ပရိသတ္ႀကီးလည္း တူတူ ဖတ္လိုက္ၾကရေအာင္ ။

(၁) ကယ္လိုရီေတြကို ေလာင္ကြ်မ္းေစတယ္

အျခားေသာ ကိုယ္လက္ လႈပ္ရွားမႈ အားကစားေတြ လိုပါပဲ။ ခ်စ္တင္း ေနွာျခင္းဟာ ခႏၵာကိုယ္က အဆီပိုေတြကို ေလာင္ကြ်မ္းေစဖို႔ အေထာက္အကူ ျပဳေပးပါတယ္။ TV ထုိင္ၾကည့္ျခင္းဟာ တစ္မိနစ္ကို one calorie သာ ေလာင္ကြ်မ္းပ်က္စီးေစေပမယ့္ ခ်စ္တင္းေႏွာျခင္းကေတာ့ တစ္မိနစ္ကို five calories အထိေတာင္ ေလာင္ကြ်မ္းေစႏိုင္ပါတယ္။

(၂) အေအးမိ ဖ်ားနာျခင္းေတြကို သက္သာေစတယ္

ေလ့လာ ေတြ႔ရိွခ်က္ေတြအရ ခ်စ္တင္းေနွာျခင္းဟာ ခႏၵာကိုယ္ အတြက္ မလိုလားအပ္တဲ့ ဘက္တီးရီးယားေတြ၊ ဗိုင္းရပ္စ္ေတြ နဲ႕ အျခား ဖ်ားနာျခင္းေတြကို ျဖစ္ေပၚေစတဲ့ ေရာဂါပိုးမႊားေတြကို တားဆီးကာကြယ္ ေပးႏိုင္စြမ္း ျမင့္မားေစပါတယ္။

(၃) ေသြးဖိအားကို ေလ်ာ့က်ေစတယ္

သင္ဟာ ေသြးတိုးေရာဂါကို အျပင္းအထန္ ခံစားေနရသူ တစ္ေယာက္ ဆိုရင္ေတာ့ ခ်စ္တင္းေနွာျခင္းက အမ်ားၾကီး သင့္အတြက္ အေထာက္အကူ ျဖစ္ေစမွာပါ။ ေလ့လာခ်က္ေတြ မ်ားစြာအရ ခ်စ္တင္းေနွာျခင္း ( တစ္ကိုယ္ရည္ အာသာေျဖျခင္း မဟုတ္) ဟာ လူ႕ခႏၵာကိုယ္က ေသြးေပါင္ခ်ိန္ကို ခ်က္ခ်င္း ေလ်ာ့က် သြားေစတယ္ ဆိုတဲ့ မွတ္ခ်က္ေတြကိုလည္း ေတြ႕ရွိရပါတယ္။

(၄) ႏွလံုးေရာဂါ ျဖစ္ပြားမႈကို ေလ်ာ့က်ေစတယ္

ခ်စ္တင္း ေနွာျခင္းဟာ ခႏၵာကိုယ္က estrogen နဲ႕ testosterone လုိ႔ေခၚတဲ့ ေဟာ္မုန္းဓာတ္ေတြရဲ႕ level ကို ထိန္းညွိေပးထားႏိုင္ပါတယ္။ အဲ့ဒီ ေဟာ္မုန္းဓာတ္ေတြကသာ ခႏာကိုယ္တြင္းမွာ ညီညြတ္မွ်တမႈ မရွိဘူးဆိုရင္ သင့္ရဲ႕ႏွလံုးကို ထိခိုက္ေစမွာ အေသအခ်ာပါပဲ။

ေလ့လာခ်က္ တစ္ခုအရ တစ္ပတ္ကို အနည္းဆံုး ႏွစ္ႀကိမ္ ခ်စ္တင္းေနွာသူေတြဟာ သာမန္လူေတြထက္ နွလံုးေရာဂါနဲ႔ ေသဆံုးႏိုင္ေျခ ၅၀ ရာခုိင္နႈန္း ပိုမိုေလ်ာ့နည္းပါတယ္။

(၅) ေကာင္းမြန္္တဲ့ အိပ္စက္မႈကို ပိုင္ဆိုင္ေစၿပီး စိတ္ဖိစီးမႈကို ေလ်ာ့က်ေစတယ္

ခ်စ္တင္းေနွာျခင္းက သင့္ရဲ႕ အိိပ္စက္ခ်ိန္ ေတြကို ေကာင္းမြန္စြာ ထိေရာက္ အက်ိဳးရွိေစၿပီး ပံုမွန္ အခ်ိန္ေတြထက္ သက္ေတာင့္သက္သာနဲ႕ ပိုမို အိပ္ေပ်ာ္ေစပါတယ္။ ၿပီးေတာ့ ခ်စ္တင္းေနွာတဲ့အခါ ေပြ႕ဖက္ျခင္း ၊ နမ္းရႈပ္ျခင္း နဲ႕ အျခား ပြတ္သီးပြတ္သပ္ အထိအေတြ႕ ေတြဟာ စိတ္ကို ေက်နပ္ သာယာေစၿပီး စိတ္ဖိစီးမႈေတြ၊ ေဒါသတရားေတြကို ေျပေလ်ာ့ သက္သာေစပါတယ္။

(၆) ငယ္ရြယ္ နုပ်ိဳေစၿပီး ဦးေႏွာက္စြမ္းရည္ကို ပိုမိိုျမင့္မား ေစပါတယ္

တစ္ခါတုန္းက ေလ့လာခ်က္တစ္ခုမွာ အမိ်ဳးသားေတြကို ပါ၀င္ေစၿပီး ေလ့လာသူေတြက ပါ၀င္သူေတြရဲ႕ အသက္ကို ခန္႕မွန္းခဲ့ပါတယ္။ အဲ့ဒီအခါ တစ္ပတ္ကိုု အနည္းဆံုး ၄ ႀကိမ္ ပံုမွန္ ပါတနာေတြနဲ႕ ခ်စ္တင္းေနွာေလ့ ရွိသူေတြဟာ ရွိရင္းစြဲ အသက္ထက္ ၇ ႏွစ္ကေန ၁၂ ႏွစ္အထိ ငယ္ရြယ္ပံု ေပါက္ေနတာကို ေတြ႕ရပါတယ္။ ဒါ့အျပင္ ခ်စ္တင္းေနွာျခင္းဟာ ဦးေနွာက္ရဲ႕ အလုပ္ လုပ္ႏိုင္စြမ္း ကိုလည္း ပိုမိုျမင့္မား ေစႏိုင္ပါေသးတယ္။

ကဲ ေဘာ္ဒါတို႕ေရ အက်ိဳးေက်းဇူး ေတြကေတာ့ ရွယ္ပဲေနာ္ ၊ ဒီေတာ့ ဘာလုပ္မွာလဲေျပာ ။

ဒီစာေလးကို ႀကိဳက္နွစ္သက္တယ္ ဆိုရင္ like and share လုပ္ခဲ့ဖို႕ မေမ့နဲ႔ေနာ္…😎

crd

(Unicode)

ချစ်တင်းနှောခြင်းရဲ့ အံ့သြစရာ အကျိုးကျေးဇူး (၆) ခု

ချစ်ပရိသတ်တို့ရေ ပိုချစ်ကြလေလေ ပိုကျန်းမာ လေလေ ဆိုတဲ့ စကားလေးအတိုင်း ချစ်တင်းနှောခြင်းဟာ ကျန်းမာရေး အတွက် အံ့သြစရာ ကောင်းလောက်အောင် အကျိုး ကျေးဇူးတွေ ရှိနေတယ် ဆိုပဲ ။

ဒါကြောင့် ချစ်တင်းနှောခြင်းဟာ စိတ်ပိုင်းဆိုင်ရာ သာယာ ကျေနပ်မှုတွေကို ပေးစွမ်းနိုင်ရုံ သာမက အခြား အခြားသော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာ သန်စွမ်းမှုတွေနဲ့ ရောဂါဖြစ်ပွားနိုင်မှုတွေ ကိုပါ လျော့ချပေးနိုင်တယ် ဆိုတဲ့ အကြောင်းအရာလေး အချို့ကို အောက်မှာ ဖော်ပြထားပါတယ်နော်။ ပရိသတ်ကြီးလည်း တူတူ ဖတ်လိုက်ကြရအောင် ။

(၁) ကယ်လိုရီတွေကို လောင်ကျွမ်းစေတယ်

အခြားသော ကိုယ်လက် လှုပ်ရှားမှု အားကစားတွေ လိုပါပဲ။ ချစ်တင်း နှောခြင်းဟာ ခန္ဒာကိုယ်က အဆီပိုတွေကို လောင်ကျွမ်းစေဖို့ အထောက်အကူ ပြုပေးပါတယ်။ TV ထိုင်ကြည့်ခြင်းဟာ တစ်မိနစ်ကို one calorie သာ လောင်ကျွမ်းပျက်စီးစေပေမယ့် ချစ်တင်းနှောခြင်းကတော့ တစ်မိနစ်ကို five calories အထိတောင် လောင်ကျွမ်းစေနိုင်ပါတယ်။

(၂) အအေးမိ ဖျားနာခြင်းတွေကို သက်သာစေတယ်

လေ့လာ တွေ့ရှိချက်တွေအရ ချစ်တင်းနှောခြင်းဟာ ခန္ဒာကိုယ် အတွက် မလိုလားအပ်တဲ့ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ နဲ့ အခြား ဖျားနာခြင်းတွေကို ဖြစ်ပေါ်စေတဲ့ ရောဂါပိုးမွှားတွေကို တားဆီးကာကွယ် ပေးနိုင်စွမ်း မြင့်မားစေပါတယ်။

(၃) သွေးဖိအားကို လျော့ကျစေတယ်

သင်ဟာ သွေးတိုးရောဂါကို အပြင်းအထန် ခံစားနေရသူ တစ်ယောက် ဆိုရင်တော့ ချစ်တင်းနှောခြင်းက အများကြီး သင့်အတွက် အထောက်အကူ ဖြစ်စေမှာပါ။ လေ့လာချက်တွေ များစွာအရ ချစ်တင်းနှောခြင်း ( တစ်ကိုယ်ရည် အာသာဖြေခြင်း မဟုတ်) ဟာ လူ့ခန္ဒာကိုယ်က သွေးပေါင်ချိန်ကို ချက်ချင်း လျော့ကျ သွားစေတယ် ဆိုတဲ့ မှတ်ချက်တွေကိုလည်း တွေ့ရှိရပါတယ်။

(၄) နှလုံးရောဂါ ဖြစ်ပွားမှုကို လျော့ကျစေတယ်

ချစ်တင်း နှောခြင်းဟာ ခန္ဒာကိုယ်က estrogen နဲ့ testosterone လို့ခေါ်တဲ့ ဟော်မုန်းဓာတ်တွေရဲ့ level ကို ထိန်းညှိပေးထားနိုင်ပါတယ်။ အဲ့ဒီ ဟော်မုန်းဓာတ်တွေကသာ ခနာကိုယ်တွင်းမှာ ညီညွတ်မျှတမှု မရှိဘူးဆိုရင် သင့်ရဲ့နှလုံးကို ထိခိုက်စေမှာ အသေအချာပါပဲ။

လေ့လာချက် တစ်ခုအရ တစ်ပတ်ကို အနည်းဆုံး နှစ်ကြိမ် ချစ်တင်းနှောသူတွေဟာ သာမန်လူတွေထက် နှလုံးရောဂါနဲ့ သေဆုံးနိုင်ခြေ ၅၀ ရာခိုင်နှုန်း ပိုမိုလျော့နည်းပါတယ်။

(၅) ကောင်းမွန်တဲ့ အိပ်စက်မှုကို ပိုင်ဆိုင်စေပြီး စိတ်ဖိစီးမှုကို လျော့ကျစေတယ်

ချစ်တင်းနှောခြင်းက သင့်ရဲ့ အိပ်စက်ချိန် တွေကို ကောင်းမွန်စွာ ထိရောက် အကျိုးရှိစေပြီး ပုံမှန် အချိန်တွေထက် သက်တောင့်သက်သာနဲ့ ပိုမို အိပ်ပျော်စေပါတယ်။ ပြီးတော့ ချစ်တင်းနှောတဲ့အခါ ပွေ့ဖက်ခြင်း ၊ နမ်းရှုပ်ခြင်း နဲ့ အခြား ပွတ်သီးပွတ်သပ် အထိအတွေ့ တွေဟာ စိတ်ကို ကျေနပ် သာယာစေပြီး စိတ်ဖိစီးမှုတွေ၊ ဒေါသတရားတွေကို ပြေလျော့ သက်သာစေပါတယ်။

(၆) ငယ်ရွယ် နုပျိုစေပြီး ဦးနှောက်စွမ်းရည်ကို ပိုမိုမြင့်မား စေပါတယ်

တစ်ခါတုန်းက လေ့လာချက်တစ်ခုမှာ အမျိုးသားတွေကို ပါဝင်စေပြီး လေ့လာသူတွေက ပါဝင်သူတွေရဲ့ အသက်ကို ခန့်မှန်းခဲ့ပါတယ်။ အဲ့ဒီအခါ တစ်ပတ်ကို အနည်းဆုံး ၄ ကြိမ် ပုံမှန် ပါတနာတွေနဲ့ ချစ်တင်းနှောလေ့ ရှိသူတွေဟာ ရှိရင်းစွဲ အသက်ထက် ၇ နှစ်ကနေ ၁၂ နှစ်အထိ ငယ်ရွယ်ပုံ ပေါက်နေတာကို တွေ့ရပါတယ်။ ဒါ့အပြင် ချစ်တင်းနှောခြင်းဟာ ဦးနှောက်ရဲ့ အလုပ် လုပ်နိုင်စွမ်း ကိုလည်း ပိုမိုမြင့်မား စေနိုင်ပါသေးတယ်။

ကဲ ဘော်ဒါတို့ရေ အကျိုးကျေးဇူး တွေကတော့ ရှယ်ပဲနော် ၊ ဒီတော့ ဘာလုပ်မှာလဲပြော ။

ဒီစာလေးကို ကြိုက်နှစ်သက်တယ် ဆိုရင် like and share လုပ်ခဲ့ဖို့ မမေ့နဲ့နော်…😎

LEAVE A REPLY

Please enter your comment!
Please enter your name here