ရေသ့ႀကိီးနဲ႔ ျပည့္တန္ဆာမေလး

0
501

(Zawgyi)

ရေသ့ႀကိီးနဲ႔ ျပည့္တန္ဆာမေလး

တခါ က သာ၀တၱိျမိဳ႕ အစြန္႕ ေတာစပ္မွာ ရေသ့ၾကီးတစ္ပါး တဲေလးထုိးျပီး သတင္းသံုး တရားက်င့္ေနေလတယ္။ မ်ားမၾကာမီ အဲဒီရေသ့ၾကီး ေက်ာင္းသခၤန္းနဲ႕ မနီးမေ၀းမွာ ျပည့္တန္ဆာမေလး တစ္ေယာက္ဟာ တဲေလး ထုိးျပီး လာေနေလတယ္။

ရေသ့ၾကီး ေက်ာင္းသခၤန္းကေန ျမင္ေနရတဲ့ ေနရာေလာက္မွာပါ။ အဲလုိပဲ ျပည့္တန္ဆာမ တဲက ၾကည့္ရင္လည္ ရေသ့ၾကီး ေက်ာင္းသခၤန္းကုိ ျမင့္ေနရတာေပါ့ ။ မနက္တုိင္း သူမ က ရေသ့ၾကီးကုိ ဦးခ် ကန္ေတာ့တယ္။

ေနာက္ေတာ့ ရေသ့ၾကီးက ျပည့္တန္ဆာမဆီ အမ်ိဳးသား တစ္ေယာက္ လာတုိင္း ေက်ာက္ခဲေလးတစ္လံုး ေကာက္ထားတယ္။အဲလုိ နဲ႕ အဲဒီ ေကာ်က္ခဲေလးေတြက ေက်ာက္ပံုေလး ျဖစ္လာတယ္ ။

ရေသ့ၾကီးကေန႕တုိင္းေတြးတယ္။ ေအာ္ ဒီကေလးမ နွယ္ ငါ့ေက်ာင္းသခၤန္းနားမွာ မွလာျပီး တဲထိုးရတယ္လုိ႕ ကြာ ။ ငါ့ကုိ မေလးစားတာပဲ လုိ႕ ေဒါသျဖစ္တယ္။ ျပီးေတာ့ ၾကည့္ပါဦး ေယာက်ၤားေတြ တစ္ေယာက္ျပီး တစ္ေယာက္ အထဲ ၀င္သြားျပီး ဘယ္လိုေတြမ်ား ျဖစ္ေနလဲ မသိ ။

တစ္ခါ တစ္ခါ နွစ္ေယာက္ ပူးၾကီးေတာင္ ၀င္သြားတာ ။ အဲဒီ နွစ္ေယာက္နဲ႕ မ်ား ဘယ္လုိမ်ား စခန္းသြားၾကလဲမသိ ။ဆိုျပီး ေတြးရင္း ေဒါသေတြ ေသာကေတြ ေမာဟ ေတြျဖစ္ေနေလရဲ႕ ။

ေသလြန္တဲ့ အခါ ရေသ့ၾကီးက အပယ္က်သြားတယ္။ ျပိတၱာျဖစ္သြားတယ္။ ျပည့္တန္ဆာမ ကေတာ့ နတ္ျပည္ေရာက္သြားေလ ရဲ႕ ။အဲဒါနဲ႕ ရေသ့ျပိတၱာၾကီးက ငရဲမင္း ကုိ မေၾကမနပ္နဲ႕ သြားေျပာေလတယ္။

“‘ ဒီမွာ ငရဲမင္း တရားက်င့္တဲ့ က်ဴပ္ ရေသ့ က ေတာ့ အပယ္က်ျပီး ဟုိျပည့္တန္ဆာမ က်ေတာ့ ဘာလုိ႕ နတ္ျပည္ ေရာက္ရတာလဲ ”လို႕ေပါ့ …

အဲဒီမွာ ငရဲမင္း က ေျပာတာက —

” မင္းက ရေသ့ျဖစ္ျပီး မင္းရဲ႕ စိတ္က ျပည့္တန္ဆာမ ဆီပဲ စိတ္ေရာက္ျပီး တစ္ခ်ိန္လံုး အကုသိုလ္စိတ္ျဖစ္ေနခဲ့တယ္ေလ။ တစ္ခ်ိန္လံုး ျပည့္တန္ဆာမ အေၾကာင္းပဲ ေတြးေနတယ္။ အဲဒါေၾကာင့္ အပယ္က်တာ။ ဟုိတစ္ေယာက္ က်ေတာ့

မနက္တုိင္း ညတုိင္း ရေသ့ၾကီးျဖစ္တဲ့ မင္းကို ကန္ေတာ့ရင္း ေအာ္ ေရေသ့ၾကီးတို႕ ဘ၀ ကံေကာင္းလုိက္တာ ၊ လွဴမည့္တမ္းမည့္ သူနဲ႕ ေက်ာင္းေဆာက္ေပးမည့္ သူနဲ႕ ကုိယ့္ဟာကို လြတ္လြတ္ လပ္လပ္ တရား က်င့္ရံုပဲ ။

ငါဘ၀မ်ားက်ေတာ့ သူမ်ားတကာနဲ႕ေပ်ာ္ပါးမွ ထမင္းစားရတဲ့ ဘ၀ ငါ့ အတိတ္ကံ ကလည္း ဆိုးလုိက္တာ လို႕ ကုသုိလ္ကံ ေကာင္းတဲ့ ရေသ့ၾကီးကုိ ကန္ေတာ့ပါတယ္ ။ ရေသ့ၾကီး က်န္းက်န္း မာမာ တရားက်င့္ တရားထူး ရႏိုင္ပါေစ ။

တျပည့္ေတာ္မ ကန္ေတာ့ ပါတယ္ ဘုရား လုိ႕ စိတ္ထဲက အျမဲသတိသံေ၀ဂ ရျပီး ကန္ေတာ့ရင္း ကုသိုလ္စိတ္ေတြ ျဖစ္ေနခဲ့တာေလ ။အဲဒီ ကုသိုလ္စိတ္ေၾကာင့္ သူမ က နတ္ျပည္ ေရာက္ရတာေပါ့ ။ရေသ့မုိက္ ရဲ႕ “ လို႔ ေျပာလုိက္ေလေတာ့ သတည္း ။

က်ြန္ေတာ္တုိ႕ ပတ္၀န္းက်င္မွာလည္း ……

ကုိယ္ဘယ္လို အေနအထားပဲ ေရာက္ေရာက္ ကုိယ့္စိတ္ကုိ အကုသိုလ္စိတ္ ကင္းျပီး ကုသုိလ္စိတ္ေတြ မ်ားမ်ား ထားနိုင္ၾကပါေစလို႕ဆုေတာင္းေမတၱာ ပုိ႕သရင္း ……….

ဆရာထြန္း ေက်ာက္ဆည္

(Unicode)

ရသေ့ကြီးနဲ့ ပြည့်တန်ဆာမလေး

တခါ က သာဝတ္တိမြို့ အစွန့် တောစပ်မှာ ရသေ့ကြီးတစ်ပါး တဲလေးထိုးပြီး သတင်းသုံး တရားကျင့်နေလေတယ်။ များမကြာမီ အဲဒီရသေ့ကြီး ကျောင်းသင်္ခန်းနဲ့ မနီးမဝေးမှာ ပြည့်တန်ဆာမလေး တစ်ယောက်ဟာ တဲလေး ထိုးပြီး လာနေလေတယ်။

ရသေ့ကြီး ကျောင်းသင်္ခန်းကနေ မြင်နေရတဲ့ နေရာလောက်မှာပါ။ အဲလိုပဲ ပြည့်တန်ဆာမ တဲက ကြည့်ရင်လည် ရသေ့ကြီး ကျောင်းသင်္ခန်းကို မြင့်နေရတာပေါ့ ။ မနက်တိုင်း သူမ က ရသေ့ကြီးကို ဦးချ ကန်တော့တယ်။

နောက်တော့ ရသေ့ကြီးက ပြည့်တန်ဆာမဆီ အမျိုးသား တစ်ယောက် လာတိုင်း ကျောက်ခဲလေးတစ်လုံး ကောက်ထားတယ်။အဲလို နဲ့ အဲဒီ ကောျက်ခဲလေးတွေက ကျောက်ပုံလေး ဖြစ်လာတယ် ။

ရသေ့ကြီးကနေ့တိုင်းတွေးတယ်။ အော် ဒီကလေးမ နှယ် ငါ့ကျောင်းသင်္ခန်းနားမှာ မှလာပြီး တဲထိုးရတယ်လို့ ကွာ ။ ငါ့ကို မလေးစားတာပဲ လို့ ဒေါသဖြစ်တယ်။ ပြီးတော့ ကြည့်ပါဦး ယောင်္ကျားတွေ တစ်ယောက်ပြီး တစ်ယောက် အထဲ ဝင်သွားပြီး ဘယ်လိုတွေများ ဖြစ်နေလဲ မသိ ။

တစ်ခါ တစ်ခါ နှစ်ယောက် ပူးကြီးတောင် ဝင်သွားတာ ။ အဲဒီ နှစ်ယောက်နဲ့ များ ဘယ်လိုများ စခန်းသွားကြလဲမသိ ။ဆိုပြီး တွေးရင်း ဒေါသတွေ သောကတွေ မောဟ တွေဖြစ်နေလေရဲ့ ။

သေလွန်တဲ့ အခါ ရသေ့ကြီးက အပယ်ကျသွားတယ်။ ပြိတ္တာဖြစ်သွားတယ်။ ပြည့်တန်ဆာမ ကတော့ နတ်ပြည်ရောက်သွားလေ ရဲ့ ။အဲဒါနဲ့ ရသေ့ပြိတ္တာကြီးက ငရဲမင်း ကို မကြေမနပ်နဲ့ သွားပြောလေတယ်။

“‘ ဒီမှာ ငရဲမင်း တရားကျင့်တဲ့ ကျူပ် ရသေ့ က တော့ အပယ်ကျပြီး ဟိုပြည့်တန်ဆာမ ကျတော့ ဘာလို့ နတ်ပြည် ရောက်ရတာလဲ ”လို့ပေါ့ …

အဲဒီမှာ ငရဲမင်း က ပြောတာက —

” မင်းက ရသေ့ဖြစ်ပြီး မင်းရဲ့ စိတ်က ပြည့်တန်ဆာမ ဆီပဲ စိတ်ရောက်ပြီး တစ်ချိန်လုံး အကုသိုလ်စိတ်ဖြစ်နေခဲ့တယ်လေ။ တစ်ချိန်လုံး ပြည့်တန်ဆာမ အကြောင်းပဲ တွေးနေတယ်။ အဲဒါကြောင့် အပယ်ကျတာ။ ဟိုတစ်ယောက် ကျတော့

မနက်တိုင်း ညတိုင်း ရသေ့ကြီးဖြစ်တဲ့ မင်းကို ကန်တော့ရင်း အော် ရေသေ့ကြီးတို့ ဘ၀ ကံကောင်းလိုက်တာ ၊ လှူမည့်တမ်းမည့် သူနဲ့ ကျောင်းဆောက်ပေးမည့် သူနဲ့ ကိုယ့်ဟာကို လွတ်လွတ် လပ်လပ် တရား ကျင့်ရုံပဲ ။

ငါဘဝများကျတော့ သူများတကာနဲ့ပျော်ပါးမှ ထမင်းစားရတဲ့ ဘ၀ ငါ့ အတိတ်ကံ ကလည်း ဆိုးလိုက်တာ လို့ ကုသိုလ်ကံ ကောင်းတဲ့ ရသေ့ကြီးကို ကန်တော့ပါတယ် ။ ရသေ့ကြီး ကျန်းကျန်း မာမာ တရားကျင့် တရားထူး ရနိုင်ပါစေ ။

တပြည့်တော်မ ကန်တော့ ပါတယ် ဘုရား လို့ စိတ်ထဲက အမြဲသတိသံဝေဂ ရပြီး ကန်တော့ရင်း ကုသိုလ်စိတ်တွေ ဖြစ်နေခဲ့တာလေ ။အဲဒီ ကုသိုလ်စိတ်ကြောင့် သူမ က နတ်ပြည် ရောက်ရတာပေါ့ ။ရသေ့မိုက် ရဲ့ “ လို့ ပြောလိုက်လေတော့ သတည်း ။

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလည်း ……

ကိုယ်ဘယ်လို အနေအထားပဲ ရောက်ရောက် ကိုယ့်စိတ်ကို အကုသိုလ်စိတ် ကင်းပြီး ကုသိုလ်စိတ်တွေ များများ ထားနိုင်ကြပါစေလို့ဆုတောင်းမေတ္တာ ပို့သရင်း ……….

ဆရာထွန်း ကျောက်ဆည်

LEAVE A REPLY

Please enter your comment!
Please enter your name here