မန္းေရႊစက္ေတာ္ တည္းခိုရန္ ခက္ခဲပါက ဘုရားရြာမွာ တည္းခိုႏိုင္ၿပီ

0
271

(Zawgyi)

မန္းေရႊစက္ေတာ္ တည္းခိုရန္ ခက္ခဲပါက ဘုရားရြာမွာ တည္းခိုႏိုင္ၿပီ

ယခုႏွစ္ ေဖေဖာ္ဝါရီ ၉ ရက္မွ စ၍ ရက္ ၇၀ ၾကာ က်င္းပမည့္ မင္းဘူးခ႐ိုင္ မန္းေရႊစက္ေတာ္ ဘုရားပြဲေတာ္လာ ျပည္သူမ်ား အေနျဖင္႔ လူစည္ကားခ်ိန္ရက္မ်ား၌ တည္းခိုေဆာင္ ေနရာမရျခင္း၊ ေဈးႏႈန္းအဆမတန္ ျမင္႔မားေနျခင္းမ်ား ႀကံဳေတြ႔ရပါက ပြဲေတာ္အနီး ဘုရားရြာရွိ ေနအိမ္မ်ားတြင္ သဒၶါေၾကးေပး၍ တည္းခိုႏိုင္ေၾကာင္း ေဒသခံမ်ား ထံမွ သိရသည္ ။

အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင္႔ တည္းခိုေဆာင္ အဆင္မေျပသူမ်ား အေနျဖင္႔ ဘုရားရြာတြင္ သဒၶါေၾကးျဖင္႔ တည္းခိုႏိုင္ေၾကာင္း၊ ယခုႏွစ္တြင္ ေဖာက္လုပ္ လိုက္ေသာ မန္းေရႊစက္ေတာ္ ကားပတ္လမ္းေၾကာင့္ဘုရားဖူးျပည္သူမ်ား သြားလာမႈ အဆင္ေျပကာ ေဒသခံျပည္သူမ်ား တြင္လည္း ေငြေဆာင္၊ ေခ်ာင္းသာေဒသအနီးရွိ ေက်းရြာမ်ားကဲ႔သို႔ အက်ိဳးျဖစ္ထြန္း မႈမ်ား ရွိလာမည္ျဖစ္ေၾကာင္း မင္းဘူးခ႐ိုင္ အုပ္ခ်ဳပ္ေရးမွဴး ဦးစန္းေဌးက ေျပာျပ၍ သိရသည္။

တည္းခိုေဆာင္ေတြမွာ အခက္အခဲျဖစ္ရင္ သဒၶါေၾကး ေပးၿပီး တည္းခိုလို႔ ရပါတယ္။ တစ္အိမ္ကိုလူ ၁၀ ေယာက္ကေန ၁၅ ေယာက္ထိ တည္းခိုႏိုင္ ပါတယ္။ လာတည္းတဲ့ သူေတြ ကေတာ႔ တစ္ညတည္းရင္ ေငြက်ပ္ ႏွစ္ေသာင္းေလာက္ ေပးခဲ႔ၾက ပါတယ္ ။ သတ္မွတ္ၿပီး ေတာင္းတာ မရွိပါဘူး။

ရြာနဲ႔ မန္းေခ်ာင္း ကေပ ၂၀ဝ ေလာက္ပဲ ကြာတယ္။ ရြာမွာ လွ်ပ္စစ္မီးနဲ႔ ေရ ျပည့္ျပည့္ စံုစံု ရွိပါတယ္ ဟု ဘုရားရြာမွ ေဒသခံ ကိုၾကည္လြင္က ေျပာျပ၍ သိရသည္ ။ ေဇယ်တု(မေကြး) dailyhotnews

(Unicode)

မန်းရွှေစက်တော် တည်းခိုရန် ခက်ခဲပါက ဘုရားရွာမှာ တည်းခိုနိုင်ပြီ

ယခုနှစ် ဖေဖော်ဝါရီ ၉ ရက်မှ စ၍ ရက် ၇၀ ကြာ ကျင်းပမည့် မင်းဘူးခရိုင် မန်းရွှေစက်တော် ဘုရားပွဲတော်လာ ပြည်သူများ အနေဖြင့် လူစည်ကားချိန်ရက်များ၌ တည်းခိုဆောင် နေရာမရခြင်း၊ ဈေးနှုန်းအဆမတန် မြင့်မားနေခြင်းများ ကြုံတွေ့ရပါက ပွဲတော်အနီး ဘုရားရွာရှိ နေအိမ်များတွင် သဒ္ဓါကြေးပေး၍ တည်းခိုနိုင်ကြောင်း ဒေသခံများ ထံမှ သိရသည် ။

အကြောင်း အမျိုးမျိုးကြောင့် တည်းခိုဆောင် အဆင်မပြေသူများ အနေဖြင့် ဘုရားရွာတွင် သဒ္ဓါကြေးဖြင့် တည်းခိုနိုင်ကြောင်း၊ ယခုနှစ်တွင် ဖောက်လုပ် လိုက်သော မန်းရွှေစက်တော် ကားပတ်လမ်းကြောင့်ဘုရားဖူးပြည်သူများ သွားလာမှု အဆင်ပြေကာ ဒေသခံပြည်သူများ တွင်လည်း ငွေဆောင်၊ ချောင်းသာဒေသအနီးရှိ ကျေးရွာများကဲ့သို့ အကျိုးဖြစ်ထွန်း မှုများ ရှိလာမည်ဖြစ်ကြောင်း မင်းဘူးခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းဌေးက ပြောပြ၍ သိရသည်။

တည်းခိုဆောင်တွေမှာ အခက်အခဲဖြစ်ရင် သဒ္ဓါကြေး ပေးပြီး တည်းခိုလို့ ရပါတယ်။ တစ်အိမ်ကိုလူ ၁၀ ယောက်ကနေ ၁၅ ယောက်ထိ တည်းခိုနိုင် ပါတယ်။ လာတည်းတဲ့ သူတွေ ကတော့ တစ်ညတည်းရင် ငွေကျပ် နှစ်သောင်းလောက် ပေးခဲ့ကြ ပါတယ် ။ သတ်မှတ်ပြီး တောင်းတာ မရှိပါဘူး။

ရွာနဲ့ မန်းချောင်း ကပေ ၂၀ဝ လောက်ပဲ ကွာတယ်။ ရွာမှာ လျှပ်စစ်မီးနဲ့ ရေ ပြည့်ပြည့် စုံစုံ ရှိပါတယ် ဟု ဘုရားရွာမှ ဒေသခံ ကိုကြည်လွင်က ပြောပြ၍ သိရသည် ။ ဇေယျတု(မကွေး) dailyhotnews

LEAVE A REPLY

Please enter your comment!
Please enter your name here